70

1.3K 184 16
                                    

Unicode

နှစ်ရောက်သားက ခပ်သေးသေး
မတ်စောက်တဲ့ ကုန်းလျှောပေါ်မှာ ရပ်နေ
ကြသည်။ သိပ်မဝေးတဲ့ အန်တီကျန်းရဲ့အိမ်
မှာ မှိန်ဖျော့ဖျော့ အဝါရောင်မီးကို
ထွန်းလို့ထား၏။ ဆောင်းညက ခပ်သဲ့သဲ့
အနွေးဓာတ်လေးတစ်ခုလိုပင်။

ကျင့်ယန်က သူ့ရဲ့အင်္ကျီစကို ဆွဲလိုက်ပြီး
တီးတိုးဆိုလာလေသည်။

"ကျွန်တော် သခင်လေးကို မုန်းလို့
မဟုတ်ပါဘူး ၊ဒါပေမဲ့လည်း ကျွန်တော်
ကိုယ်တိုင် လျှောက်နိုင်ပါသေးတယ်..."

ကျင့်ယန်က အနည်းငယ် စိတ်ဓာတ်ကျ
သွားပုံပေါ်လာခဲ့ကာ

"ကျွန်တော်...အဲ့လောက်ထိ အားမနွဲ့ပါဘူး"

ကျင့်ယန်အဖို့တော့ လောလောဆယ်မှာ
သူ့ရဲ့ခံစားချက်တွေကို ပိုင်ဟောက်ဆီ
ထုတ်ပြဖို့ခဲယဥ်းနေ၏။အရင်တုန်းကဆို
သူကအများကြီးမလုပ်ပေးနိုင်ခဲ့ဘူး
ဆိုရင်တောင် ကိုယ့်ကိုယ်ကို အသုံးဝင်တဲ့
လူလို့တွေးနိုင်သေးသည်။ ဒါပေမဲ့ ဒဏ်ရာ
ရပြီးတဲ့နောက်မှာသူ ဘာမှကိုမလုပ်နိုင်
တော့ပေ။ သူက တုံးအလွန်းကာ ပိုင်ဟောက်
ကလည်းသူ့ကို ကိစ္စတွေမလုပ်ခင်မှာ
မစဥ်းစားတာကြောင့် ဆူပူခဲ့သေး၏။
ဒါကြောင့် ပိုင်ဟောက်ရှေ့မှာဆို
ရှက်ရွံ့မိလေသည်။

ပိုင်ဟောက်က သူ့ကိုပိုပြီးဂရုစိုက်လေလေ
သူ့အတွက်ပိုပြီး အဆင်မပြေ ဖြစ်လာ
လေလေဖြစ်ရ၏။ ဘာလို့ဆိုသူက ဘာမှ
ပြန်မပေးနိုင်တာကြောင့်ပင်။အဲ့တာထက် သူ
ချောင်ယုပြောခဲ့တာကို မှတ်မိနေဆဲ...။
'ပိုင်ဟောက်က မင်းကို​သေသင့်တယ်လို့ပဲ
ထင်တာ...'

အဲ့ဒီ့အကြောင်းကိုတွေးလိုက်မိတဲ့အခါ
ကျင့်ယန်ရဲ့နှလုံးသားက ထုံကျင်ကိုက်ခဲ
လာရလေသည်။ သူ ခေါင်းငုံ့နေရင်းနဲ့ပဲ
အရှေ့ကိုဆက်လျှောက်နေမိကာ ဘေးမှာ
ရပ်နေတဲ့ပိုင်ဟောက်ကို တစ်စက်ကလေး
သော်မျှတောင် လှည့်မကြည့်မိ။

ပိုင်ဟောက်က ကျင့်ယန်ရဲ့နောက်က
နေသာ လိုက်လာခဲ့ပြီး သူ့ရဲ့လက်ကိုတော့
မဆုပ်ကိုင်ရဲခဲ့ပေ။ သူ့ရဲ့စိတ်အာရုံတစ်ခု
လုံးက ကျင့်ယန်အပေါ်ကိုပဲကျရောက်
နေကာ လမ်းကိုသေချာမကြည့်တာကြောင့်
ချော်လဲတော့မလိုပါဖြစ်သွားရ၏။

ချစ်ခြင်း၏ အဆုံးဝယ် |ဘာသာပြန်|Where stories live. Discover now