Unicode
အခန်းမှာ ကသိကအောက်ဖြစ်ဖွယ်ရာပင်
တိတ်ဆိတ်လို့သွားတော့၏။စုန့်ရှောင်းရှောင်းက မေးထောက်ထားရင်း
မိန်းမောစွာနဲ့မတ်တပ်ရပ်နေဆဲ ဖြစ်တဲ့
ပိုင်ဟောက်ကိုကြည့်နေလေသည်။သူမရဲ့
အမူအရာမှာပွဲကြီးပွဲကောင်းတစ်ခုကို
ကြည့်နေရသလိုမျိုး ရွှင်မြူးလို့နေ၏။စုန့်စစ်လော့ကရှေ့တိုးလာကာ သူ့လက်တွေ
ကိုတုန်ရီစွာနဲ့ဆန့်ထုတ်လိုက်ရင်း ပိုင်ဟောက်
ကိုလှမ်းကိုင်လိုက်သည်။"ပိုင်ဟောက်...ပြန်ကြရအောင်လေ...နော်...
ငါတို့ပြန်ရောက်တော့မှ ဒီအကြောင်းကို
ပြောကြမယ်လေ"ပိုင်ဟောက်ကစုန့်စစ်လော့ရဲ့လက်ကို ပြင်းပြင်း
ထန်ထန်ပင်ပုတ်ထုတ်လိုက်ပြီး စုန့်ရှောင်းရှောင်း
ကိုခက်ထန်စွာဖြင့်ကြည့်လာကာ"ခင်ဗျားဘာအဓိပ္ပါယ်မရှိတဲ့စကားတွေကို
ပြောနေတာလဲ? ကျင့်ယန်ကဘယ်လိုလုပ်ပြီး
သေရမှာလဲ!"စုန့်ရှောင်းရှောင်းကပျင်းရိစွာပင် ဖြေလာ
လေ၏။"သခင်လေးပိုင်...မင်းတကယ်မသိတာလား
ဒါမှမဟုတ် မသိသလိုဟန်ဆောင်နေတာ
များလား? ဟန်ဆောင်နေတာဆိုရင်တော့
မင်းရဲ့ သရုပ်ဆောင်စွမ်းရည်က ငါ့ထက်
တောင်ညံ့နေသေးတယ်""စုန့်ရှောင်းရှောင်း!"
ပိုင်ဟောက်မှာ စုန့်ရှောင်းရှောင်းရဲ့စကားလုံး
တွေကြောင့်ဒေါသထွက်လာရကာ"ခင်ဗျားဘယ်လိုလှည့်ကွက်တွေ လုပ်နေ
တာလဲ?"စုန့်ရှောင်းရှောင်းက အထိတ်တလန့်ဖြစ်နေတဲ့
စုန့်စစ်လော့ကိုကြည့်ရင်း ခေါင်းယမ်းကာ
ရယ်လာ၏။"ငါမင်းကိုတကယ်ကြီးလျှော့တွက်ခဲ့မိတာပဲ။
မင်းက ပိုင်သခင်လေးကိုတောင်အရူးလုပ်နိုင်
စွမ်းရှိတဲ့ဟာ..."ပိုင်ဟောက်ကစုန့်စစ်လော့နဲ့တော်တော်လေး
ရင်းနှီးတာကြောင့် စုန့်ရှောင်းရှောင်းက
သူ့အကြောင်းကိုပါ စုံစမ်းခဲ့ဖူးလေသည်။
ပိုင်ဟောက်ကလုပ်နိုင်စွမ်းရှိပေမဲ့သူ့ရဲ့ဒေါသ
ကတော့ တကယ့်ကိုဆိုးဝါးလှ၏။အဲ့တာ
ကြောင့် သူမ ပိုင်ဟောက်ရဲ့မိဘတွေအကြောင်း
ကိုသိရတဲ့အခါ ပိုင်ဟောက်ကိုပြောမဲ့အစား
ပိုင်ကျင့်ကိုပဲတိုက်ရိုက်ဆက်သွယ်ခဲ့တာ
ဖြစ်လေသည်။ ပိုင်ဟောက်က ဒီလောက်ထိ
တုံးအမယ်လို့တော့ သူမ မထင်ခဲ့မိတာ
အမှန်ပင်။

YOU ARE READING
ချစ်ခြင်း၏ အဆုံးဝယ် |ဘာသာပြန်|
De Todototal chapter- 113 chapters update schedule- random.