16

617 92 2
                                    

Unicode

ဒီည ညစာစားပွဲကိုစုန့်စစ်လော့က
ကျင်းပတာဖြစ်ကာ လာတဲ့ဧည့်သည်တွေ
အားလုံးကသူနဲ့ရင်းနှီးတဲ့ဆက်ဆံရေးတစ်ခု
ရှိကြ သည်။ သူကပိုင်ဟောက်ကိုတွေ့တော့
မျက်လုံးတွေမှိတ်တဲ့အထိ ပြုံးပြလာ၏။
စုန့်စစ်လော့ စကားပြောဖို့လုပ်လိုက်ပေမဲ့
ပိုင်ဟောက်ရဲ့နောက်က လိုက်လာတဲ့
ကျင့်ယန်ကိုတွေ့လိုက်ရသည်။

စုန့်စစ်လော့ရဲ့နှုတ်ခမ်းပေါ်ကအပြုံးက
ပျောက်လုနီးနီးဖြစ်သွား၏။ ကျင့်ယန်
ကပိုင်ဟောက်ရဲ့နောက်ကနေ လက်ကို
ဝှေ့ယမ်းကာနှုတ်ဆက်လာသည်။

"သခင်လေးစုန့်!"

စုန့်စစ်လော့ရဲ့နှုတ်ခမ်းစွန်းတွေ တွန့်သွား
ပေမဲ့ အပြုံးတစ်ခုကိုဆက်ထိန်းသိန်း
ထားရင်း တုန့်ပြန်လိုက်၏။

ဖိတ်ကြားထားတဲ့လူတိုင်းကရောက်လာ
ကြပြီဖြစ်ကာ အများစုကပိုင်ဟောက်ကို
သိကြပေမဲ့ ကျင့်ယန်ကိုတော့အခုမှ
ပထမဆုံးတွေ့ဖူးတာဖြစ်လေသည်။
တစ်ယောက်ယောက်ကမေးလာခဲ့လျှင်လည်း
ပိုင်ဟောက်က "ကျင့်ယန် ငါ့သူငယ်ချင်း" လို့
ရိုးရိုးရှင်းရှင်းသာ နှုတ်ဆက်ပေး၏။

ကျင့်ယန်တခြားလူတွေကို ပြန်ပြီး
နှုတ်မဆက်ရသေးခင်မှာပဲ စုန့်စစ်လော့က
သူ့ဘက်ကိုဆွဲလိုက်ကာ ဆန်းကြယ်သော
တစ်စုံတစ်ခုကိုပြောနေသလိုလေသံဖြင့်

"လီရှူးရိကိုသိတယ်မလား သူကလီရှူးရိရဲ့လက်အောက်မှာအလုပ်လုပ်တာလေ"

ဒီအချိန်မှာတော့ ကျင့်ယန်ကိုဂရုမစိုက်ခဲ့တဲ့
လူပေါင်းများစွာက သူ့ဘက်ကိုလှည့်လာ
ကြသည်။ကျင့်ယန် လက်တွေကိုဝှေ့ယမ်း
လိုက်ပြီးရှက်ရွံ့စွာပင်ပြောလိုက်၏။

"မဟုတ်ပါဘူး...ကျွန်တော်ကဒီတိုင်း
တောက်တိုမယ်ရလုပ်ပေးတဲ့လူပါပဲဗျာ"

စုန့်စစ်လော့ရဲ့မျက်နှာချင်းဆိုင်မှာ
ထိုင်နေတဲ့ ခုန်ရီက သူတို့အဖွဲ့ထဲမှာ
အမှတ်ကောင်းတွေရသလို ထိုင်နေတဲ့အုပ်စု
ထဲမှာဆိုရင် နောက်ခံအကောင်းဆုံးလို့
ပြောလို့ရသည်။သူက ပိုင်ဟောက် ဝင်လာ
ကတည်းကသူ့ဖုန်းကိုထုတ်ပြီးတော့သာ
ဆော့နေခဲ့တာဖြစ်၏။ အခုမှပဲ
သူ့ခေါင်းကိုမော့လာရင်း ပျင်းရိစွာ
ပြောလာလေသည်။

ချစ်ခြင်း၏ အဆုံးဝယ် |ဘာသာပြန်|Where stories live. Discover now