Unicodeကျင့်ယန်ရဲ့ခွဲစိတ်မှုက အချိန်အတော်ကြာခဲ့
သည်။တစ်လျှောက်လုံးမှာလီရှူးရိက ခွဲစိတ်ခန်းရှေ့မှာ
မလှုပ်မယှက်နှင့်ထိုင်နေခဲ့၏။ အဲ့ဒီ့အချိန်
အတွင်းမှာပဲ သူနာပြုလေးတစ်ယောက်က
လီရှူးရိအတွက် ဆေးလာပေးသွားခဲ့သေးသည်။
လီရှူးရိရဲ့အခြေအနေကသိပ်ပြီးအဆင်ပြေပုံ
မပေါ်တာကြောင့် ချောင်ယု သူ့ကိုအနားယူဖို့
အကြံပေးလိုက်ပေမဲ့လီရှူးရိကငြင်းဆန်နေ၏။ခွဲစိတ်မှုက ညနေစောင်းတော့မှပဲ ပြီးစီး
သွားခဲ့သည်။အခန်းထဲကထွက်လာတဲ့အချိန် ဝေ့ကျီမှာ
အတော်လေးနွမ်းနယ်နေပုံပေါ်၏။ သူက
လီရှူးရိအား ကျင့်ယန်ရဲ့အသက်ကို ယာယီ
တော့ကယ်ဆယ်ထားလိုက်နိုင်ပြီလို့ ပြော
လာခဲ့သည်။ ပြီးတော့သေချာစောင့်ကြည့်
နိုင်ဖို့အတွက် ကျင့်ယန်ကို ICU ခန်းမှာ
ပြောင်းထားရမည်။"ယာယီ?" လီရှူးရိမျက်မှောင်ကျုံ့ကာ
မေးလိုက်မိ၏။" ဟုတ်တယ် "
ဝေ့ကျီကသက်ပြင်းချလိုက်ကာ
"သူ့မှာကိုယ်တွင်းဒဏ်ရာတွေအများကြီးပဲ...
အဲ့တာကြောင့် ဘယ်အချိန်ပဲဖြစ်ဖြစ်
အကြောင်းအမျိုးမျိုးကြောင့် အန္တရာယ်
ရှိလာနိုင်တယ်၊ ဒါပေမဲ့ ကျင့်ယန်မှာ ခန္ဓာကိုယ်
ဖွဲ့စည်းတည်ဆောက်ပုံ ကောင်းကောင်းရှိတယ်
ဆိုတော့ သူအဆင်ပြေသွားမှာပါ..မင်းသိပ်ပြီး
မစိုးရိမ်ပါနဲ့..."ခွဲစိတ်နေရင်း ကျင့်ယန်ရဲ့နှလုံးခုန်သံက
တစ်ကြိမ် ရပ်သွားခဲ့ကြောင်းကိုတော့ ဝေ့ကျီ
လီရှူးရိကို မပြောပြရဲပါချေ။ သူ့ရဲ့ဦးလေး
သာရှိမနေဘူးဆိုရင် ဒီခွဲစိတ်မှုကအခုထိ
မပြီးဆုံးသေးတာတောင်ဖြစ်နိုင်၏။"ငါသိပြီ"
ဝေ့ကျီကပင်ပန်းလွန်းလို့ထင် မတ်တပ်ရပ်ဖို့
တောင် အခက်အခဲ ဖြစ်နေတာကိုမြင်တော့
လီရှူးရိခပ်တိုးတိုး ပြောလိုက်သည်။"ကြိုးစားပေးလို့ ကျေးဇူးတင်ပါတယ်"
ဝေ့ကျီက သူ့လက်ကို ယမ်းကာ
![](https://img.wattpad.com/cover/368191250-288-k259898.jpg)
YOU ARE READING
ချစ်ခြင်း၏ အဆုံးဝယ် |ဘာသာပြန်|
Randomtotal chapter- 113 chapters update schedule- random.