5

721 118 0
                                    

Unicode

ညနေရောက်တော့ ပိုင်ကျင့် ပိုင်မိသားစုရဲ့
အိမ်ဟောင်းကိုသွားခဲ့သည်။ သူသွားတာက
ပိုင်ဟိန်ရဲ့တိုင်ကြားမှုကြောင့်တော့
မဟုတ်ပေ။သူ့ရဲ့အဖေ ပိုင်ကျိန့်ယွမ်က
ဒီတောအတွင်း အတော်လေးဖျားနာ
နေခဲ့ပြီးကျန်းမာရေးချူချာနေတာကြောင့်
အိန်တော်ထိန်းဦးလေးရှူက အိမ်ကို
တစ်ခါလောက်ပြန်လာရန်တောင်းဆိုခဲ့တာ
ကြောင့်ဖြစ်သည်။

သူရောက်သွားတော့ အန်ကယ်ရှုက
တံခါးဝမှာရပ်စောင့်နေလေသည်။
အမြဲသတိကြီးကာ တည်ငြိမ်နေတဲ့လူကြီးက
အခုတော့ သူ့နှဖူးမှာအရေးအကြောင်းတွေ
ပေါ်သည်အထိရှုံ့ထားကာ စိတ်ဖိစီး
နေပုံပေါ်၏။

ပိုင်ကျင့် ကားထဲကထွက်တာနဲ့သူက
အရင်ဆုံး ပိုင်ကျိန့်ယွမ်ရဲ့အခြေအနေကို
ရှင်းပြလာသည်။ထို့နောက်ဘေးဘီကို
ကြည့်ကာ ပိုင်ကျင့် အနားတိုးသွားရင်း
တစ်စုံတစ်ခုကိုတီးတိုးပြောလိုက်၏။

ပိုင်ကျင့်ထိုအကြောင်းကိုကြားတော့
သူ့နှုတ်ခမ်းထောင့်စွန်းတွေအနည်းငယ်
တွန့်သွားကာ အန်ကယ်ရှူကို
နားလည်ကြောင်းပြလိုက်သည်။
အန်ကယ်ရှုက ခေါင်းညိမ့်လာပြီး
စိတ်သက်သာရာရစွာ သက်ပြင်းချ၏။

သူတို့အထဲဝင်လာတော့ ကျောက််ကျစ်ယွင့်
က ပိုင်ကျိန့်ယွမ်ကိုဆေးတိုက်နေဆဲ
ဖြစ်တာကို တွေ့လိုက်ရသည်။သူမက
ဆေးတိုက်နေရင်းနှင့်ပင်ငိုယိုကာ
ပိုင်ဟိန်က ကုမ္ပဏီမှာ အနိုင်ကျင့်ခံလာရတဲ့
အကြောင်းနှင့် ပိုင်ကျိန့်ယွမ်က အကြီးဆုံး
သားကိုသာ နှစ်သက်တာကြောင့် သူမတို့
သားအမိက မမျှမတဆက်ဆံခံရသည်ဟု
ဆိုလာသည်။

ပိုင်ကျိန့်ယွမ်က အလွန်အမင်းထက်မြက်သူ
မဟုတ်ခဲ့ပေ။အခုတော့သူပိုပြီးအိုမင်း
လာကာ စိတ်တွေရှုပ်ထွေးနေသည်။ သူက
ကျစ်ယွင့်ကိုမဆူရုံသာမက နှစ်သိမ့်ပေးဖို့ပင်
ကြိုးစားနေ၏။

ပိုင်ကျင့်အနောက်ကနေလိုက်လာတဲ့
ဦးလေးရှူက ချောင်းအသာဟန့်လိုက်သည်။
ထိုအသံကိုကြားတော့ ကျောက်ကျစ်ယွင့်က
လှည့်ကြည့်လာ၏။သူမပိုင်ကျင့်ကို
မြင်လိုက်ရတဲ့အခါ တစ်ကိုယ်လုံးတုန်ရီ
သွားရတော့သည်။သူမလက်ထဲက ဇွန်းပင်
ကြွေပန်းကန်ထဲ ပြုတ်ကျသွားကာ
ဆေးတစ်ချို့ဖိတ်စင်လာတော့၏။

ချစ်ခြင်း၏ အဆုံးဝယ် |ဘာသာပြန်|Where stories live. Discover now