25

541 97 0
                                    


Unicode

ကျင့်ယန် အိမ်ပြန်ရောက်လာပေမဲ့
တစ်ညလုံးအိပ်မပျော်တာကြောင့် သူ့ရဲ့
မျက်လုံးတွေက သစ်ကြားသီးလိုမျိုး
ဖောင်းကားနေခဲ့သည်။ သူအိပ်ရာပေါ်
မှာလှဲလိုက်ရင်း တစ်ခုပြီးတစ်ခုအကြောင်း
စဥ်းစားနေမိ၏။ သူဘာများလုပ်မိခဲ့သလဲ...
သူဘာတွေပြောမိခဲ့သလဲ...သူတောင်မသိ
လိုက်ဘဲ ပိုင်ဟောက်ကိုပြဿနာဖြစ်စေမဲ့
အရာမျိုးထပ်လုပ်လိုက်မိသလား?
ဘာလို့များ ပိုင်ဟောက်ကသူ့ကို
ဒီလောက်အထိမုန်းသွားရတာလဲ...?

ဒါပေမဲ့ပိုင်ဟောက်က စုန့်စစ်လော့ကို
ကာကွယ်ပေးဖို့ပြောလာတုန်းကလည်း
ကျင့်ယန်သွားခဲ့တာပဲ။ ဘယ်လိုဖြစ်ဖြစ်
စုန့်စစ်လော့ဆီမှာ ဒဏ်ရာကြီးကြီးမားမား
မရခဲ့ဘူးလေ...။ခုန်ရိကိုထိုးမိလိုက်တဲ့
ကိစ္စမှာလည်း သူရော ပိုင်ဟောက်ရော
ပြဿနာဖြစ်မှာမဟုတ်ဘူးလို့
အန်ကယ်လီက ပြောခဲ့တာပဲကို....။

အကြာကြီးစဥ်းစားနေခဲ့တာတောင်မှပဲ
ကျင့်ယန်အဖြေမရခဲ့။ သည်လိုမျိုး
လူးရင်းလှိမ့်ရင်းနဲ့ပဲ ကောင်းကင်မှာ
တဖြည်းဖြည်းလင်းလက်လာတော့သည်။
ဘေးအိမ်ကလူတစ်ယောက် မနက်ခင်း
လေ့ကျင့်ခန်းလုပ်ဖို့ရေဒီယိုဖွင့်တဲ့
အချိန်ထိ ကျင့်ယန် အိပ်မပျော်ခဲ့ပါချေ။

သူ အလုပ်များနေတာရက်အတော်ကြာပြီ
ဖြစ်ကာ ညဘက်အိပ်ချိန်လည်း
တော်တော်လေးနောက်ကျခဲ့တာ ကြောင့်
သူ့မျက်လုံးတွေနာကျင်နေပြီး အလင်းရောင်
ခပ်ဖျော့ဖျော့ကတောင် မျက်ရည်ကျ
လာစေနိုင်သည်။တစ်ယောက်ယောက်က
ဒရမ်တွေတီးနေသလိုမျိုး တဝီဝီအသံတွေ
ကလည်း သူ့ခေါင်းထဲမှာအဆက်မပြတ်
မြည်နေခဲ့၏။

ကျင့်ယန် မျက်နှာသစ်တော့မဲ့အချိန်မှာပဲ
သူ့ဖုန်းကမြည်လာခဲ့သည်။အဲ့တာက
လီရှူးရိထံမှစာဖြစ်ကာ မနက်ဆယ်နာရီ
ဝန်းကျင်လောက်မှာ ပြန်ရောက်မယ်
လို့ပြောထားတာပင်။

ကျင့်ယန် စာပြန်လိုက်သည်။

: ဟုတ်ပြီ...ကျွန်တော်လာကြိုမယ်နော်
အန်ကယ်လီ။

သူနာရီကိုလှမ်းကြည့်လိုက်ပြီး အချိန်ကို
အကြမ်းဖျင်းတွက်ကြည့်လိုက်တဲ့အခါ
နှစ်နာရီလောက်အိပ်ချိန်ရှိသေးသည်။
ကျင့်ယန် မျက်နှာမသစ်တော့ဘဲ
စောင်ခြုံပြီး ပြန်လှဲလိုက်တော့၏။
သူခဏလောက်မှမနားဘူးဆိုရင်
ကားသေချာမမောင်းနိုင် ဖြစ်နေလိမ့်မည်။

ချစ်ခြင်း၏ အဆုံးဝယ် |ဘာသာပြန်|Where stories live. Discover now