54

1.4K 182 48
                                    


Unicode

မိုးကတဖြည်းဖြည်းနှင့် ပိုပိုပြီးသည်းထန်လာ
ခဲ့ရာ ချောင်ယု လမ်းမကိုတောင်သေချာ
မမြင်နိုင်တော့ပါချေ။ အဲ့တာကြောင့်ရှေ့က
ယာဥ်နဲ့အကွာအဝေးတစ်ခုခြားပြီးတော့သာ
ဖြည်းဖြည်းချင်းမောင်းနှင်ရလေ၏။

လီရှူးရိက ကားထဲမှာဝင်ထိုင်လိုက်ကတည်းကစကားတစ်ခွန်းမှမဟခဲ့...
သူကလက်မောင်းကြားထဲကဆေးဘူးအသေးလေးကိုထုတ်ကာ ဆေးလုံးတွေကိုလက်ဖဝါးထဲလောင်းထည့်ပြီးတဲ့နောက် တစ်ခါထဲနှင့်အကုန်သောက်လိုက်
တာကို ချောင်ယုမြင်လိုက်ရ၏။ ချောင်ယုမှာ
စိုးရိမ်သွားရကာ

"မစ္စတာလီ...ခင်ဗျားအဆင်ပြေရဲ့လား?"

လီရှူးရိ ခေါင်းခါပြီး ဆေးလုံးတွေကို
မြိုချလိုက်ကာ

"ကားမောင်းတာကိုပဲအာရုံစိုက်ပါ"

ချောင်ယုတုန့်ပြန်လိုက်ပြီး လီရှူးရိဆီကနေ
အကြည့်လွှဲလိုက်ပေမဲ့ သူ့နှလုံးသားထဲမှာ
အနည်းငယ်ထင့်နေလေသည်။ လီရှူးရိ
ဆေးသောက်တာကိုမြင်ရတာ ဒါက ပထမဆုံးအကြိမ်တော့မဟုတ်ပါချေ...။

ကျင့်ယန်ရှိနေတဲ့ဆေးရုံကိုရောက်ဖို့
နာရီပေါင်းများစွာကြာခဲ့၏။ သူတို့ရောက်
သွားတော့ကျင့်ယန်ကနိုးနေဆဲပင်ဖြစ်ကာ
အရည်ထည်အစာတစ်ချို့ကိုပါစားထားပြီးပြီ
ဖြစ်လေသည်။

ကျင့်ယန်ရဲ့တစ်ကိုယ်လုံးမှာပြည့်နှက်နေတဲ့
ဒဏ်ရာတွေနဲ့၊ သူ့ရဲ့ခြေ လက်တွေကို
ကြည့်လိုက်ရင်း ချောင်ယုအံကြိတ်မိကာ
ပိုင်ဟောက်အပေါ်မှာသူ ညင်သာပေးခဲ့တဲ့
အတွက်နောင်တရလာ၏။

သူတို့ကိုမြင်တဲ့အခါ ကျင့်ယန်ရဲ့မျက်နှာပေါ်မှာအပြုံးတစ်ပွင့်ပေါ်ပေါက်လာလေသည်။

ICU ခန်းထဲကနေထွက်လာတဲ့နောက်ပိုင်းမှာ
သူ့ရဲ့အခြေအနေက လုံးဝတည်ငြိမ်သွားခဲ့ပြီ
ဖြစ်ပေမဲ့ သိပ်ပြီးသတိမရှိသေးတဲ့အပြင်
စကားလည်းသိပ်မပြောနိုင်သေးတာကြောင့်
လီရှူးရိကသူ့ကိုစကားမပြောခိုင်းခဲ့ပေ။

လီရှူးရိ ကျင့်ယန်ရဲ့ကုတင်ဘေးမှာထိုင်ချ
လိုက်ကာ သူ့ရဲ့ခေါင်းကိုလှမ်းကိုင်လိုက်ရင်း
တဖြည်းဖြည်းနဲ့ကျက်လာတဲ့ မျက်နှာပေါ်က
ဒဏ်ရာတွေကိုကြည့်လိုက်သည်။ အဲ့ဒီ့နောက်
ဒဏ်ရာ တွေပေါ်ကိုလက်မနှင့်ဖွဖွလေး
ပွတ်သပ်လိုက်ကာ

ချစ်ခြင်း၏ အဆုံးဝယ် |ဘာသာပြန်|Where stories live. Discover now