Unicodeပိုင်ကျင့်နဲ့ ကျောမင်ယွမ်တို့နှစ်ယောက်လုံး
ဗီလာရဲ့ထွက်ပေါက်မှာ ရပ်စောင့်နေခဲ့
ကြ၏။ ယောကျ်ားနှစ်ယောက်လုံးက
ရှည်လျားတဲ့ခြေတံတွေရှိကြကာ အလွန်
ကိုမှ ထင်ရှားလို့နေလေသည်။ ဝင်လိုက်
ထွက်လိုက်လုပ်နေတဲ့ လူတွေအားလုံးက
သူတို့ကိုမှတ်မိသွားကြပြီး ပါးနပ်တဲ့လူ
တစ်ချို့ဆိုရင် ခေါင်းငြိမ့်ရင်း ဟယ်လို
လို့တောင်နှုတ်ဆက်သွားကြ၏။ ဒါပေမဲ့
ပါးနပ်မှုမရှိတဲ့လူတွေကလည်း အမြဲရှိနေပြီး
ပိုင်ကျင့် ဒီကိုလာရတဲ့ရည်ရွယ်ချက်ကို
ခန့်မှန်းနိုင်သွားတဲ့အခါ အနားလာပြီး
ရင်းနှီးအောင်လုပ်ကြလေသည်။ကျောမင်ယွမ်မှာ သူအခုလေးတင်ပဲ
ချွတ်ပစ်လိုက်ရတဲ့မျက်နှာဖုံးကို ပြန်တပ်
ထားလိုက်ရင်း နက်ခ်တိုင်ကိုပြင်ပြီး
တဲ့အခါ အထက်တန်းလွှာ စီးပွားရေးသမား
အသွင်ကို ပြန်ရောက်သွားရတော့၏။
တစ်ချို့လူတွေက စကားလုံးတစ်ချို့နဲ့တင်ဖယ်ထုတ်နိုင်ပေမဲ့ တစ်ချို့လူတွေကတော့
အပျော့နည်းကိုသုံးကာ စိတ်ရှည်ရှည်နဲ့
အလာပ သလ္လာပ စကားတွေကိုပြောပေး
ဖို့လိုလေသည်။ စကားအများကြီး
ပြောတယ်လို့ထင်ရပေမဲ့လည်းတကယ်က
အဓိပ္ပါယ်မရှိတဲ့အရာတွေသာ။သိပ်မကြာလိုက်ပါချေ။ မန်နေဂျာက
သတင်းရသွားကာ လူတစ်ချို့နဲ့အတူ
ရောက်လာခဲ့ပြီး VIP အခန်းကိုစီစဥ်
ထားပြီဖြစ်တာကြောင့် စားသောက်ရင်း
နားဖို့အတွက် ပိုင်ကျင့်ကို အထဲလာဖို့
ဖိတ်လေသည်။အကယ်၍ သူတို့သာမသွားခဲ့ရင် နောက်
တစ်စက္ကန့်မှာပဲ သေမင်းနှုတ်ခမ်းဝကို
ရောက်တော့မလို ဖြစ်နေတဲ့မန်နေဂျာကို
ကြည့်ရင်း ကျောမင်ယွမ်မှာ ပိုင်ကျင့်ဘက်ကို
လှည့်ကြည့်လိုက်ရသည်။ပိုင်ကျင့်ကစိတ်အခြေအနေကောင်းနေ
တာကြောင့် အသာအယာပဲငြင်းလိုက်
လေ၏။သူကတော့ အပြင်မှာ ရပ်ရင်း
ည လေညှင်းကိုခံစားရတာ သဘောတွေ့
နေသည်လေ...။()()မန်နေဂျာမှာ ဘာပြောရမယ်မှန်း မသိတော့
တာကြောင့် ပြန်သွားပြီးတော့ သူဋ္ဌေးကို
ခေါ်ဖို့သာ လုပ်နိုင်တော့၏။ ဘာပြောပြော
သူဋ္ဌေးက ပိုင်ကျင့်နဲ့ အရမ်းရင်းနှီးတာ
ပဲလေ...အဲ့တာထက် ရန်ဝေရဲ့ ဦးလေး
လည်းဖြစ်နေသေးတာ...။

YOU ARE READING
ချစ်ခြင်း၏ အဆုံးဝယ် |ဘာသာပြန်|
Randomtotal chapter- 113 chapters update schedule- random.