39

685 122 10
                                    

Unicode

ဖုယင်းက ပိုင်ကျင့်ကိုလုံးဝမကြောက်ပါချေ။
သူမက ချက်ချင်းပဲဒေါသတကြီးနှင့်
ပြန်ဖြေလိုက်၏။

"ဒါပေါ့ ရှင့်ကိုကန်ထုတ်ပြီးရင် လီရှူးရိ
အတွက် ပိုကောင်းတဲ့လူတစ်ယောက်ကို
ရှာပေးမှာလေ"

ပိုင်ဟောက်က အမှုမထားသလိုပင် အေးအေး
လူလူသာပြုံးလာသည်။ ဒါကသူ ယုံကြည်
ချက်ရှိနေလွန်းလို့မဟုတ်ပါချေ။ လီရှူးရိက
တစ်ခြားတစ်ယောက်နဲ့အတူရှိနေမဲ့မြင်ကွင်း
ကိုသူ တကယ်ကြီးတွေးကြည့်လို့မရတာ
ဖြစ်၏။ ဒါပေါ့ လီရှူးရိကိုချစ်ကြောင်း
ဝန်ခံခဲ့တဲ့လူတစ်ချို့ရှိပေမဲ့ လီရှူးရိက
သူတို့ကိုတစ်ချက်မှတောင် လှည့်ကြည့်ခဲ့
တာမဟုတ်ပေ။ လီရှူးရိရဲ့ခံစားချက်တွေက
အမြဲအစွန်းရောက်လွန်းကာ သူ့ရဲ့ချစ်ခြင်း
မုန်းခြင်းတွေကလည်း ထိုသို့ပင်ဖြစ်ပြီး
ဒုတိယအကောင်းဆုံး ရွေးချယ်ချက်ဆိုတာ
မျိုးမရှိပါချေ။ ပိုင်ကျင့်ကသာ နှစ်သက်ခြင်း
ဆိုတဲ့နေရာမှာ အမြဲရှိနေခဲ့တာဖြစ်၏။

ဖုယင်းလည်း သူမအပေါ်ပိုင်ကျင့်ရဲ့
အထင်သေးမှုတွေကိုမြင်လေသည်။
အဲ့တာကြောင့်သူမရဲ့နှလုံးသားထဲမှာ
မီးပွားတစ်ခုတောက်လောင်လာသလို ခံစား
လိုက်ရတော့၏။ သူမကခေါင်းကိုငုံ့ကာ
လီရှူးရိကိုမေးလာသည်။

"ငါနင့်ကိုတစ်ယောက်ယောက်နဲ့ မိတ်ဆက်
ပေး​မယ်လေ...ဘယ်လိုသဘောရလဲ?"

တကယ်ကြီးဒေါသထွက်နေပုံရတဲ့ ဖုယင်း
ကိုကြည့်ရင်းဝေ့ကျီမှာ သက်ပြင်းသာချမိ
တော့၏။

ပုံမှန်ကတော့ သူနဲ့အချစ်ပြိုင်ဘက်တွေဖြစ်ခဲ့
ကြတဲ့ပိုင်ကျင့်အပေါ်မှာ သူ သတိထားသင့်
တာဖြစ်သည်။ဒါပေမဲ့သူတို့တွေ့လိုက်တိုင်းမှာ
မီးပွားတွေဖြစ်လာနေတာကို သူ့မှာ
မတားဆီးနိုင်ပါချေ။ အဲ့ဒီ့အစား ဖုယင်းက
တစ်ဖက်လူကိုရန်စပြီး အရှက်ရအောင်
လုပ်မှာကနေတားဆီးနေရလေ၏။

လူအများစုက သူ့တို့ကိုယ်သူတို့သန့်ရှင်း
အောင်လုပ်ကြပြီးပိုင်ကျင့်ရဲ့အိပ်ရာပေါ်
တက်ကာ ကိုယ့်ကိုယ်ကိုယ် အပ်နှံချင်နေကြ
သော်ငြား ဖုယင်းကတော့ပိုင်ကျင့်ကို
တစ်စစီဆွဲဖြဲကာ တွဲလောင်းချထားချင်
နေလေသည်။ ဝေ့ကျီမှာ ပျော်ရမလား၊
စိတ်ပူရမလားတောင်မသိတော့ပါချေ။

ချစ်ခြင်း၏ အဆုံးဝယ် |ဘာသာပြန်|Where stories live. Discover now