65

999 141 33
                                    

Unicode

ပြည်နယ် C က အနောက်တောင်ဘက်ရဲ့
ကုန်းတွင်းပိုင်းမှာရှိ၏။ ဒီပြည်နယ်က
မြင့်မားတဲ့တောင်တွေ ထူထပ်လှတဲ့
နေရာဖြစ်ကာ trade port တွေမရှိသလို
လုပ်ငန်းတွေရဲ့ ဖွံ့ဖြိုးမှုကလည်း နိမ့်ကျ
လှသည်။ ပို့ဆောင်ဆက်သွယ်ရေးလည်း
အဆင်မပြေတာကြောင့် စီးပွားရေးအရ
ပြောရရင် ဒီပြည်နယ်ဟာ နိုင်ငံရဲ့ခေတ်
နောက်ပြန်ဆွဲနေတဲ့နေရာလိုပါပင်။

ဒါပေမဲ့လည်း ပြည်နယ် C မှာ ကျန်းမာရေး
စောက်ရှောက်မှုတွေက အဆင်ပြေလှကာ
ဆောင်းတွင်းမှာလည်းသိပ်မအေးလှသလို
နွေဆိုရင်လည်း မပူပြင်းလွန်းပါချေ။
ပျမ်းမျှ အပူချိန်က ဆယ့်ခြောက်ဒီဂရီ
ဝန်းကျင်လောက်သာရှိပြီး လေသန့်စင်မှု
ကလည်း နိုင်ငံမှာရှိသမျှ ပြည်နယ်တွေ
ထဲက အကောင်းဆုံးတစ်ခုလို့တောင်ပြောလို့
ရ၏။ ခရီးသွားတွေအတွက် အားလပ်ရက်
မှာ အပန်းဖြေခရီးထွက်ချင်တယ်ဆိုရင်
ဒီနေရာကတကယ့်ကိုသင့်လျော်တဲ့နေရာ
ပါပင်။

လုံတန်မြို့က ပြည်နယ် C ထဲမှာရှိတဲ့
သစ်တောဖုံးလွှမ်းမှုအများဆုံး နယ်ပယ်
ဖြစ်လေသည်။ အသစ်ချဲ့ထွင်ထားတဲ့
လုံတန်မြို့ရဲ့ သဘာဝနယ်မြေက ဆယ့်ငါး
ကီလိုမီတာလောက်ရှိကာ နှစ်လိုဖွယ်
ကောင်းပြီး လှပတဲ့မြင်ကွင်းများနဲ့ပြည့်နှက်
လို့နေ၏။ ဒီနယ်မြေက တရုတ်ပြည်မှာ
လူသိပ်မသိကြတဲ့နေရာတစ်ခု ဖြစ်နေ
တာကတော့ တကယ့်ကိုနှမြောစရာပါပင်။

ဒါပေမဲ့ လုံတန်မြို့သဘာဝနယ်မြေရဲ့
အဓိက ပရောဂျက်က သဘာဝ
နယ်မြေရဲ့အနောက်ဘက်က ဆေးရုံ
ကြီးပင်ဖြစ်လေသည်။ အနားယူဖို့ရန်၊
ဆေးကုသမှုတွေနဲ့ ​ကြံ့ခိုင်ရေးတွေ
ပေါင်းစပ် ပါဝင်ပြီး ပြီးပြည့်စုံတဲ့ဌာန
ကြီးတစ်ခုပါပင်။ အဲ့ဒီ့ဆေးရုံက မြင့်မား
တဲ့ အဆင့်တစ်ခုမှာရှိကာ ကုန်ကျစရိတ်
ကလည်း စိတ်ကူးယဥ်ကြည့်၍ပင်မရ
နိုင်ပေ။

ဌာနမှာရှိတဲ့ ပြန်လည်ထူထောင်ရေး
စင်တာက လေ့ကျင့်ခန်းနှစ်ခုကို ကျင့်ယန်
အခုလေးတင်ပဲပြီးသွားခဲ့တာဖြစ်ကာ
သူ့နှဖူးမှာ ချွေးစတို့ ဝေ့သီနေ၏။

သူ့ကိုစောင့်ရှောက်ပေးရတဲ့ ရှန်ထုန်ဆိုတဲ့
သူနာပြုက ကျင့်ယန်ကို ထိုင်ဖို့
အတွက် ကူညီပေးလေသည်။ ကုထုံး
ဆရာက ကျင့်ယန်ရဲ့ လေ့ကျင့်မှုရလဒ်
တွေကိုချရေးလိုက်ပြီး ခြေထောက်ကို
နှိပ်နယ်မှုတစ်ချို့လုပ်ပေးခဲ့၏။ သူက
နှိပ်ပေးနေရင်းနဲ့ပဲ ကျင့်ယန်ကို အဆင်
မပြေဖြစ်တဲ့နေရာရှိလားလို့ မေးလာခဲ့ကာ
အရမ်းပင်ပန်းနေလား...၊မဟုတ်ရင်
လေ့ကျင့်ခန်းတစ်ခုလောက် ထပ်ထည့်လို့
ရနိုင်လားလို့ မေးလာလေသည်။

ချစ်ခြင်း၏ အဆုံးဝယ် |ဘာသာပြန်|Where stories live. Discover now