Unicode
ပိုင်ကျင့်ထွက်သွားတဲ့ပထမဆုံးနေ့မှာ
လီရှူးရိက ပုံမှန်အတိုင်းပဲအလုပ်ကိုဆက်သွား
ခဲ့သည်။မနက်ခင်းမှာသူက ဌာနအသီးသီးက
ခေါင်းဆောင်တွေနဲ့အစည်းအဝေးလုပ်ခဲ့၏။
ပြောရရင် သူ့လက်အောက်ကလူတွေက
တကယ့်ကိုစည်းလုံးလေသည်။ ရုံးခန်းကိုပြန်
ရောက်ပြီး သိပ်မကြာခင်မှာပဲ သူအထူးတလှယ်တောင်းဆိုထားခဲ့တဲ့အချက်အလက်တွေကတစ်ခုပြီးတစ်ခုရောက်လာခဲ့၏။လီရှူးရိမှာ ဖိုင်တွေကိုကြည့်ရင်း အနည်းငယ်
တောင်အံ့သြသွားရသည်။ အထဲမှာ
တော်တော်လေးအရေးကြီးတဲ့အချက်အလက်တွေတောင်ပါနေတာဖြစ်၏။အစကတော့ ပိုင်ကျင့်ကဒါတွေကိုသိမ်းထား
လိမ့်မယ်လို့လီရှူးရိတွေးထားခဲ့တာပင်။ ဒါပေမဲ့ပိုင်ကျင့်က သူ့ကိုလုံးဝသတိထားမှာမဟုတ်ဘူးလို့တော့သူမမျှော်လင့်ထားခဲ့ပါချေ။လီရှူးရိရဲ့အမူအရာမှာထူးမခြားနားဘဲရှိကာ သူ့လက်ချောင်းတွေကစားပွဲကို တတောက်တောက်ခေါက်နေခဲ့၏။ သူဘာတွေတွေးနေသလဲဆိုတာ ကိုတော့ဘယ်သူမှမသိနိုင်ခဲ့...။ အချိန်အတော်ကြာမှသူကခေါင်းခါရင်း ခြောက်ကပ်ကပ်ဖြင့်ရယ်လာသည်။
ဘာပဲဖြစ်ဖြစ်သူကရှုံးနေပြီးသားပဲမဟုတ်လား...ဘာမှမကျန်တော့တဲ့အထိဆုံးရှုံးသွားရတာနဲ့အတွင်းခံမပါဘဲ ကိုယ်လုံးတီးဖြစ်နေရတဲ့ခံစားချက်တွေကဘာများကွာခြားသေးလို့လဲ?
လီရှူးရိ ထန်ရွှယ့်ကို အခန်းထဲဝင်ခဲ့ဖို့ခေါ်လိုက်သည်။
"ရှေ့နေကျန့် နဲ့ ရှေ့နေကျိုးတို့ကို နေ့လယ်ကျရင်လာခဲ့ဖို့ပြောလိုက်ပါ"
"ကောင်းပါပြီ မစ္စတာလီ"
ထန်ရွှယ်ပြန်ဖြေလိုက်ပြီးထွက်သွားတော့မဲ့
အချိန်မှာပဲလီရှူးရိကသူမကို ထပ်ခေါ်လာခဲ့
ပြန်သည်။သူက ခဏ လောက်တုံ့ဆိုင်းနေပြီးမှမေးလာခဲ့၏။" အရင်တုန်းကမင်းကိုပြောခဲ့ဖူးတဲ့စီစဥ်မှုတွေ
လုပ်ထားရဲ့လား?"ထန်ရွှယ့်မှာ လီရှူးရိဆိုလိုချင်တာကိုနားမလည်ခင် တစ်ခဏလောက်ကြောင်အနေခဲ့၏။

YOU ARE READING
ချစ်ခြင်း၏ အဆုံးဝယ် |ဘာသာပြန်|
De Todototal chapter- 113 chapters update schedule- random.