22

859 133 10
                                    

Unicode

လီရှူးရိ လင်းချန်မြို့ကို သူ့အဖွဲ့နှင့်အတူ
သွားခဲ့သည်။ ထန်ရွှယ်အပါအဝင်
ယာကွမ်းပရောဂျက်ကို တာဝန်ယူထားတဲ့
လူတွေအားလုံးပါလာသည့်အပြင်
စီးပွားရေးနှင့် ဘဏ္ဍာရေးပိုင်းက
ပရော်ဖက်ရှင်နယ် ရှေ့နေတွေတောင်
ပါသေး၏။

ညှိနှိုင်းမှုကတော့ လီရှူးရိတွေးထားသလို
ချောချောမွေ့မွေ့ဖြစ်မနေခဲ့ဘဲ ယာကွမ်းရဲ့
အတွင်းပိုင်းစီမံချက်တွေအားလုံးက
ဖရိုဖရဲအခြေအနေမှာရှိနေခဲ့သည်။
အရင်ကအစီအရင်ခံချက်တွေ
အားလုံးထဲမှာ အကြွေးတွေအကြောင်း
မဖော်ပြထားခဲ့။ ပိုင်မိသားစုက
ရာနှုန်းပြည့်ပိုင်ဆိုင်မှုကို လိုချင်တယ်
ဆိုမှတော့အကြွေးပြဿနာတွေကိုလည်း
သေချာပေါက်ရင်ဆိုင်ရလိမ့်မည်။
အဲ့တာကြောင့်လီရှူးရိ တစ်ဖက်လူနဲ့
ညှိနှိုင်းတဲ့အခါ စျေးနှုန်းကိုလျှော့ချဖို့
အတွက် ပိုပြီးအာရုံစိုက်နေရခြင်း
ဖြစ်ပါ၏။

ဒီလိုအခြေအနေမျိုးကို ရောက်နေ
တာတောင်မှ လီရှူးရိက ကိုယ့်ကိုယ်ကိုပဲ
အားကိုးသည့်လူဖြစ်သည်။ လီရှူးရိက
သူ့ဘေးမှာ လူတွေအများကြီး ရှိနေတာကို
မကြိုက်တဲ့ လူစားမျိုးဖြစ်တာကြောင့်
ထုံးစံအတိုင်းပဲ သူ့ရဲ့ကိုယ်ရေးကိုယ်တာ
​ကိစ္စတွေအားလုံးကိုထန်ရွှယ်ကသာ
ကိုင်တွယ်ပေးရသည်။

အလုပ်များလွန်းလို့ ရေတစ်ငုံတောင်
မသောက်နိုင်တဲ့လူကိုကြည့်ရင်း
ထန်ရွှယ် စိတ်ပင်ပန်းသလိုခံစား
လိုက်ရ၏။

အခုဆိုလူအတော်များများက နင်ယွဲ့
ပြန်ရောက်လာပြီဆိုတဲ့အကြောင်းကို
သိနေကြပြီဖြစ်ကာ သူကပိုင်ကျင့်နဲ့
အတူတူနေနေတယ်ဆိုတာကိုလည်း
သိထားကြသည်။လွန်ခဲ့တဲ့သုံးနှစ်တုန်းက
လိုပဲ လီရှူးရိနဲ့ပိုင်ကျင့်တို့ရဲ့ပြဿနာက
မြို့ထဲမှာပြဿနာတော်တော်ဖြစ်သွား
စေခဲ့၏။

လူပေါင်းများစွာကသူ့ရဲ့ကျဆုံးမှုကို
လှောင်ရယ်ဖို့စောင့်နေခဲ့ကြပြီး လီရှူးရိနဲ့
ရန်စရှိတဲ့လူတစ်ချို့ဆို မဖွယ်မရာ
အကြောင်းအရာတွေအထိပါပြောခဲ့
ကြသည်။ သူက ပိုင်ကျင့်အတွက်
ဘယ်လောက်ပဲ လုပ်ပေးခဲ့ပါစေ
ပိုင်ကျင့်ကတော့သူ့အိပ်ရာနွေးဖို့
လောက်တောင်အလိုမရှိတော့ဘူးဟူ၍...။

ချစ်ခြင်း၏ အဆုံးဝယ် |ဘာသာပြန်|Where stories live. Discover now