Unicodeကျောက်ဟွေးက လီဝမ်ယင်းနဲ့အတူ
ရှိနေတာကြာလှပြီမို့ လီရှူးရိရဲ့စိတ်ကို
နားလည်သည်။အဲ့တာကြောင့်သူ လီရှူးရိ
ကိုကြည့်လိုက်ပြီး ကြမ်းရှရှအသံဖြင့်
ပြောလိုက်၏။"လက်စားချေဖို့အကြောင်းကို မစဥ်းစား
နဲ့ဦး...စာကို ကြိုးကြိုးစားစားသင်"လီရှူးရိက ဘာမှပြန်မဖြေပေ။
ကျောက်ဟွေးကခြောက်ကပ်ကပ်ဖြင့်
ရယ်လိုက်ကာ"မင်းအဖေနဲ့ဒေါ်လေး...
မင်း သူတို့ကိုနောက်ဆုံးအနေနဲ့တောင်
မမြင်လိုက်ရဘဲ မီးသဂြိုဟ် ခံလိုက်ရတယ်။
အဲ့တာကငါ့ရဲ့ဆုံးဖြတ်ချက်လို့များ
ထင်နေတာလား?"လီရှူးရိက သူ့ကိုခေါင်းမော့ပြီး
ကြည့်လာသည်။ ကျောက်ဟွေးရဲ့အသံမှာ
စိတ်ဓာတ်ကျမှုတို့ဖြင့်ပြည့်နှက်နေခဲ့ကာ"ဒီကမ္ဘာကြီးပေါ်မှာ အမှန်တရားနဲ့
မျှတမှုဆိုတာမျိုးမရှိဘူး...။ချင်မိသားစု
အတွက်တော့ငါတို့လိုလူတွေကဘာမှကို
မဟုတ်ဘူးလေ""လီရှူးရိ....မင်းက လီမိသားစုမှာကျန်တဲ့
တစ်ဦးတည်းသောသူပဲ...မင်းကိုယ့်ကိုယ်ကို
စတေးလို့မရဘူး"ကျောက်ဟွေးရဲ့နှလုံးသားထဲမှာ
လီရှူးရိကို နာကြည်းပြီးမုန်းတီးနေတယ်
ဆိုရင်တောင် လီဝမ်ယင်းကတော့သူ့ကို
သိပ်ချစ်လေ၏။သူမကလီရှူးရိဒုက္ခရောက်
တာကိုမြင်ချင်မှာမဟုတ်လောက်ပါချေ။အချိန်အတော်ကြာသွားမှ လီရှူးရိက
ခေါင်းညိမ့်လာပြီး ခံစားချက်မဲ့စွာ
ဖြေလာခဲ့၏။"ကောင်းပြီ"
ကျောက်ဟွေးက အစားအများကြီး
မစားခဲ့သလို ရက်အနည်းငယ်ကြာအောင်
အနားမယူခဲ့ရပေ။သူ့ခြေထောက်တွေမှာ
မတ်တပ်ရပ်ဖို့ကိုတောင် အနိုင်နိုင်
ဖြစ်နေခဲ့၏။လီရှူးရိ ကူညီချင်ပေမဲ့ကျောက်ဟွေးက
သူ့ရဲ့လက်ကိုတွန်းထုတ်လိုက်ပြီး
လီဝမ်ယင်းရဲ့အခန်းထဲကိုဖြည်းဖြည်းချင်း
လျှောက်သွားတော့သည်။တွဲလျောင်းကျနေခဲ့တဲ့လီရှူးရိရဲ့လက်က
လက်သီးဆုပ်တို့မှာတင်းကြပ်သွားခဲ့၏။
ကျောက်ဟွေးကတံခါးကိုပိတ်သွားတော့မှ
လီရှူးရိ အရိုးပြာအိုးနှစ်အိုးရှိရာကို
မျက်နှာမူလိုက်ကာ ထပ်ပြီး ဒူးထောက်
ချလိုက်သည်။

YOU ARE READING
ချစ်ခြင်း၏ အဆုံးဝယ် |ဘာသာပြန်|
عشوائيtotal chapter- 113 chapters update schedule- random.