Unicodeနောက်တစ်နေ့မှာလီရှူးရိကို ထမင်း
လာပို့တဲ့လူ သုံးယောက်တောင် ရှိနေခဲ့
လေ၏။ပထမဆုံးတစ်ယောက်က အန်ကယ်ဝူဖြစ်ပြီး
သူကအစောဆုံးလာခဲ့တာဖြစ်သည်။အချိန်
အကြာကြီးစောင့်နေခဲ့ပြီးတဲ့နောက်မှာ
လီရှူးရိက နိုးမလာသေးတာကြောင့် ကျင့်ယန်
က သူ့ကိုပြန်သွားလိုက်ဖို့ပြောခဲ့ရသည်။ဒုတိယတစ်ယောက်ကတော့ထန်ရွှယ်ပင်။
သူမကတစ်မနက်လုံးအလုပ်များနေခဲ့တာ
ဖြစ်ပြီး ဒီကိုလာဖို့အတွက်အချိန်ကို မနည်း
ဖယ်ထားရတာကြောင့် သူမကကြာကြာ
မနေခဲ့ပေ။စားစရာပို့ပြီးတာနဲ့သူမက
ကုမ္ပဏီကိုတန်းပြန်သွားတော့၏။တတိယတစ်ယောက်မှာ ဖုယင်းပင်ဖြစ်သည်။
ဝေ့ကျီဆီကနေ လီရှူးရိအကြောင်းကြားပြီးတဲ့
နောက်မှာ ဖုယင်းက သူမရဲ့ကိုယ်ဝန်ကိုတောင်
ဂရုမစိုက်တော့ပါချေ။ သူမကအဒေါ်ဖြစ်သူ
ရဲ့အကူအညီနဲ့စွပ်ပြုတ်ကို ကိုယ်တိုင်လုပ်
နေခဲ့ပြီး ဝေ့ကျီကို သူမအားခေါ်သွားပေးဖို့
ပြောခဲ့သည်။တကယ်တော့ ဝေ့ကျီရဲ့ဆေးရုံက
အခြေအနေတွေက တော်တော်လေး
ကောင်းပြီးသားပင်။ အစားအစာတွေက
လည်း သိပ်မဆိုးလှပေမဲ့ဖုယင်းက တအား
လုပ်ချင်နေတဲ့တာကြောင့် ဝေ့ကျီသူမကို
မတားရခြင်းဖြစ်၏။လီရှူးရိကတော့ တစ်မနက်လုံးမနိုးလာခဲ့
ပါချေ။ကျင့်ယန် အပူခံဘူးတွေနဲ့ မုန့်ဘူးတွေကို
ကြည့်လိုက်ရင်း စိုးရိမ်လာရသည်။ရှိသမျှ
အားလုံးက စွပ်ပြုတ်တွေ၊ ဆန်ပြုတ်တွေနဲ့
နှုတ်မြိန်စာတွေအပြင် အစာကြေလွယ်တဲ့
မုန့်တွေသာဖြစ်၏။ကုတင်ပေါ်မှာလှဲနေကာ မျက်လုံးတွေ
မှိတ်ထားတဲ့လူကိုကြည့်လိုက်ပြီးနောက်
ကျင့်ယန် အနားကိုလျှောက်သွားလိုက်ပြီး
နှဖူးကိုစမ်းကြည့်လိုက်သည်။ အဲ့ဒီ့နောက်
သူ့နှဖူးသူပြန်ပြီးစမ်းကြည့်လိုက်ရာ သိပ်ပြီး
ပူမနေတော့တာကိုတွေ့လိုက်ရ၏။ သူ
ကုတင်ပေါ်မှာလဲလျောင်းလိုက်ပြီး
တိုးဖွဖွလေး ခေါ်လိုက်မိသည်။"အန်ကယ်လီ~~~~~~~~~~"
ကျင့်ယန်ရဲ့အသံမှာ ခြင်လေးတစ်ကောင်
လိုပင် တိုးလျလို့နေ၏။

YOU ARE READING
ချစ်ခြင်း၏ အဆုံးဝယ် |ဘာသာပြန်|
De Todototal chapter- 113 chapters update schedule- random.