Unicode. .
ကျင့်ယန် ဆေးရုံကနေထွက်သွားတဲ့ပိုင်ဟောက်
နောက်ကိုလိုက်သွားမိပေမဲ့ဘာပြောရမယ်မှန်း
မသိပါချေ။ ပိုင်ဟောက်ကအရင်လှည့်လာ
ပြီး သူ့ကိုမေးလေ၏။"မင်းမှာလုပ်စရာရှိလို့လား?"
"ဟင့်...ဟင့်အင်း မရှိပါဘူး"
"မင်းမှာဘာမှလုပ်စရာမရှိရင် ပြန်တော့"
ကျင့်ယန်အချိန်အတော်ကြာအောင်
တုံ့ဆိုင်းနေမိကာ"သခင်လေး...နောက်ကျရင် ဘာလုပ်မယ်
လို့စဥ်းစားထားလဲဟင်"ပိုင်ကျင့်ကမျက်မှောင်ကျုံ့ကာ
"မင်းဘာလို့ ဒါကိုမေးတာလဲ?"
"ကျွန်...ကျွန်တော်ကဒီတိုင်း...ကူညီနိုင်
မလားဆိုတာသိချင်ရုံပါ"ပိုင်ဟောက်ကပြုံးကာ
"ငါက စုန့်မိသားစုကုမ္ပဏီမှာအလုပ်
သွားလုပ်မှာလေ...မင်းကဘာတွေများ
ကူညီပေးနိုင်မှာမို့လို့လဲ"
သူက ကျင့်ယန်ရဲ့အဖြေကိုမစောင့်ဘဲ
ထပ်မေးလာပြန်သည်။"မဟုတ်ရင် မင်းက ပိုင်မိသားစုကနေ
အလုပ်ထွက်ပြီး ငါ့နောက်ကိုလိုက်ခဲ့
မလို့လား?"သူက ကျင့်ယန်ကိုမေးနေတာဆိုပေမဲ့
သူ့ရဲ့လေသံမှာပြောမပြနိုင်အောင် ရန်လိုမှု
တွေ ပြည့်နှက်နေ၏။ကျင့်ယန်ရဲ့မျက်နှာက တဖြည်းဖြည်း
ဖြူဖျော့လာကာ ခေါင်းကိုငုံ့ထားရင်း
သူ့ရဲ့ခန္ဓာကိုယ်မှာ အနည်းငယ်တုန်ရီလို့
နေသည်။ သူဒီမေးခွန်းကို ဘယ်လိုပြန်ဖြေ
ရမလဲမသိပါချေ။ပိုင်ဟောက်ရဲ့မျက်နှာပေါ်ကအပြုံးမှာလည်း
ပို ပိုပြီးတောင့်တင်းလာခဲ့၏။တွေ့တယ်မလား...အမြဲတမ်း သူမရှိရင်
မနေနိုင်သလိုမျိုးလုပ်နေခဲ့ပြီးတော့ တကယ့်
အချိန်ရောက်လာတဲ့အခါကျ သူ့အတွက်
အကောင်းဆုံးဖြစ်မဲ့ ရွေးချယ်မှုကိုစဥ်းစား
ထားပြီးသားလေ။ဒီလိုပဲ သူနိုင်ငံခြားကိုမသွားခင်တုန်းကလည်း
ကျင့်ယန်ကိုခေါ်သွားဖို့ ဆုံးဖြတ်ခဲ့၏။သူကလည်းစာသင်နေရမယ်၊ ကျင့်ယန်
ကလည်းငယ်သေးတယ်ဆိုတာမှန်ပေမဲ့
အကြာကြီးအတူနေလာခဲ့တော့ ကျင့်ယန်က
ဒီမှာ တစ်ယောက်ထဲဖြစ်နေမှာကိုပိုင်ဟောက်
စိုးရိမ်ခဲ့မိသည်။ အဲ့တာကြောင့် သူ့အတွက်
ပြဿနာဖြစ်မယ်ဆိုရင်တောင်...အသနားခံ
တောင်းဆိုရမယ်ဆိုရင်တောင်မှ ကျင့်ယန်ကို
သူနဲ့အတူ ခေါ်သွားချင်ခဲ့၏။
![](https://img.wattpad.com/cover/368191250-288-k259898.jpg)
YOU ARE READING
ချစ်ခြင်း၏ အဆုံးဝယ် |ဘာသာပြန်|
Randomtotal chapter- 113 chapters update schedule- random.