46

633 144 9
                                    


Unicode

အဲ့ဒီ့နေ့ကဝေ့ကျီ ဆေးရုံကိုရောက်တဲ့အချိန်
မှာ မွန်းတောင်တည့်တော့မှာဖြစ်၏။

မနက်နိုးလာတဲ့အချိန်မှာ ဖုယင်းကနေလို့
သိပ်မကောင်းဘူးဖြစ်နေတယ်လို့ပြောတာ
ကြောင့် တစ်မနက်လုံးသူမရဲ့ဘေးမှာပဲ
နေပေးခဲ့တာဖြစ်လေသည်။ ဖုယင်း အဆင်
ပြေတယ်ဆိုတာ သေချာတော့မှပဲသူ
ဆေးရုံကိုထွက်လာခဲ့တာဖြစ်၏။

ပုံမှန်အတိုင်းပဲ ဝေ့ကျီ လီရှူးရိရဲ့အခန်းကို
အရင်ဆုံးဝင်သွားလိုက်သည်။ ဒါပေမဲ့သူ
တံခါးကိုဖွင့်လိုက်တဲ့အချိန်မှာ ဘယ်သူမှ
ရှိမနေခဲ့ပါချေ။ ကုတင်ပေါ်ကဆေးရုံဝတ်စုံ
ကိုမြင်လိုက်ရတဲ့အချိန်မှာတော့ဝေ့ကျီရဲ့
မျက်နှာမှာ မည်းမှောင်သွားတော့၏။

ဝေ့ကျီအရင်ဆုံး လီရှူးရိကိုဂရုစိုက်ပေးဖို့
တာဝန်ကျတဲ့ သူနာပြုကို ရှာလိုက်သည်။
သူမကလီရှူးရိ ပျောက်နေတယ်ဆိုတဲ့သတင်း
ကိုကြားတဲ့အခါ အလွန်အမင်းထိတ်လန့်သွား
လေတော့၏။ လီရှူးရိအဖျားကျသွားတဲ့
နောက်ပိုင်းမှာ သူ့ကိုတစ်ချိန်လုံးစောင့်ကြည့်
ပေးဖို့မလိုတော့သလို သူ့ရဲ့အေးစက်တဲ့
အပြုအမူပါထည့်ပေါင်းလိုက်မယ်ဆိုရင်
အကြောင်းတစ်ခုခုရှိတာကလွဲရင် ဘယ်သူ
ကမှ သူ့ကို မနှောင့်ယှက်ရဲကြပါချေ။

သူနာပြုမလေးက မနက်ပိုင်းမှာလီရှူးရိကို
ဆေးပေးပြီးတာနဲ့ထွက်လာခဲ့တာဖြစ်ပြီး
လီရှူးရိထွက်သွားတာကိုလည်း ဘယ်သူမှ
မမြင်လိုက်ကြပေ။

ဒီအကြောင်းကိုသိပြီးတဲ့နောက်မှာ ဝေ့ကျီ
လီရှူးရိကိုဖုန်းခေါ်ဖို့လုပ်လိုက်ပေမဲ့ သူ
မခေါ်ရသေးခင်မှာပဲ ထူးဆန်းတဲ့
ဖုန်းကောလ်တစ်ခုကအရင် ဝင်လာခဲ့သည်။

သူဖုန်းကိုင်လိုက်တဲ့အခါ တစ်ဖက်လူက
ချောင်ယုဖြစ်နေခဲ့လေ၏။

ချောင်ယုက ကျင့်ယန်ကိုရှာတွေ့ပြီဖြစ်ကာ
အခုဆေးရုံကိုအမြန်လာနေပြီဖြစ်ပေမဲ့
သူ့ရဲ့အခြေအနေကစိုးရိမ်ရတာကြောင့်
ဝေ့ကျီကို လိုလိုမယ်မယ် ပြင်ဆင်မှုတွေ
လုပ်ထားပေးဖို့ပြောလာလေသည်။

"လီရှူးရိကဘယ်မှာလဲ? သူအဆင်ပြေ
ရဲ့လား?"

"စိတ်မပူပါနဲ့ဒေါက်တာဝေ့...မစ္စတာလီက
အဆင်ပြေပါတယ်"

ချစ်ခြင်း၏ အဆုံးဝယ် |ဘာသာပြန်|Where stories live. Discover now