Unicode
ကျင့်ယန် သူ့ရဲ့အမူအရာကိုချိန်ညှိလိုက်ကာ
အခန်းထဲကိုအပြုံးလေးတစ်ခုနှင့်ဝင်သွား
လိုက်၏။"အန်ကယ်လီ...ကျွန်တော်ရောက်"
ကျင့်ယန်ရဲ့စကားမဆုံးခင်မှာပဲ သူ့ရဲ့အမူအရာမှာ ပြောင်းလဲလို့သွားသည်။
လီရှူးရိက ကုတင်ရဲ့ဘေးမှာလဲကျနေပြီး
ကြမ်းပြင်ပေါ်မှာ ဆေးလုံးဖြူဖြူတွေ
ပြန့်ကျဲနေ၏။ ကျင့်ယန်သူ့လက်ထဲကအိတ်ကို
အဝေးလွှင့်ပစ်လိုက်ပြီး ကုတင်ဘေးကို
အမြန်ပြေးသွားလိုက်သည်။သူ့ရဲ့အသံမှာ
စိုးထိတ်မှုတွေနဲ့ပြည့်နှက်နေခဲ့၏။"အန်ကယ်လီ ဘာဖြစ်တာလဲဟင်...
အန်ကယ်လီ! ...အန်ကယ်လီ!"လီရှူးရိက ဆေးလုံးတွေကိုမြိုချလိုက်ပြီး
ရေနည်းနည်းသောက်ချင်ရုံသာဖြစ်သည်။
ဒါပေမဲ့ ဖန်ခွက်ထဲမှာ ရေမရှိတော့တာ
ကြောင့် သူကုတင်ပေါ်ကထပြီး ရေနည်းနည်း
သွားထည့်ချင်တာဖြစ်၏။ ရလဒ်အနေနဲ့
သူ့ခြေဖဝါးက ကြမ်းပြင်နဲ့ထိတဲ့အချိန်မှာပဲ
လီရှူးရိမှာ လဲကျသွားရပြီး သူ့လက်ထဲက
ဆေးဘူးမှာလည်း ကြမ်းပြင်ပေါ်ပြုတ်ကျကာ
ဆေးလုံးတွေပြန့်ကျဲကုန်သည်။ခေါင်းကိုက်မှုကြောင့်လီရှူးရိ စကားမပြော
နိုင်သလို သူ့ရှေ့ကလူကိုလည်းရှင်းရှင်း
လင်းလင်းမမြင်ရပါချေ။ ကျင့်ယန်ဆိုတာကို
သူ့ရဲ့အသံကနေသာ ခက်ခက်ခဲခဲမှတ်မိ
လိုက်နိုင်တာဖြစ်၏။လီရှူးရိကမျက်မှောင်ကျုံ့ထားကာ
နာကျင်စွာနဲ့အဆက်မပြတ် ညည်းညူနေ
တာကိုမြင်တော့ကျင့်ယန် ဘာလုပ်လို့
ဘာကိုင်ရမလဲမသိဖြစ်လို့သွား၏။ လီရှူးရိ
မသက်မသာဖြစ်နေတဲ့နေရာကိုသူမသိတာ
ကြောင့် ထိလည်းမထိရဲပါချေ။ အဲ့တာကြောင့်
ကျင့်ယန်မှာလီရှူးရိရဲ့နာမည်ကိုသာ
အော်ခေါ်နေရင်း အချက်ပေးခလုတ်ကို
အဆက်မပြတ်နှိပ်နေမိတော့သည်။မကြာခင်မှာပဲ သူနာပြုလေးတစ်ယောက်က
အခန်းထဲဝင်လာပြီး အထဲကအခြေအနေကို
တွေ့လိုက်ရတဲ့အခါသူမကအမြန်ပဲ ပြန်ပြေး
ထွက်သွား၏။ သိပ်မကြာခင်မှာပဲ ဝေ့ကျီက
လူတစ်ချို့ကိုခေါ်ကာအခန်းထဲကိုဝင်လာ
တော့သည်။

YOU ARE READING
ချစ်ခြင်း၏ အဆုံးဝယ် |ဘာသာပြန်|
عشوائيtotal chapter- 113 chapters update schedule- random.