Unicodeအဲဲဒီ့နောက်ပိုင်း ဘာဆက်ဖြစ်ခဲ့သလဲ
ဆိုတာကိုတော့ လီရှူးရိ မမှတ်မိတော့ပါချေ။ပြန်သွားပြီးတဲ့နောက်မှာ လီရှူးရိ
အပြင်းအထန်ဖျားခဲ့၏။ မျိုးစုံမက်ခဲ့တဲ့
အိမ်မက်တွေကတစ်ခါတစ်ရံမှာ
ကြည်လင်နေကာ တစ်ခါတစ်ရံမှာတော့
ရှုပ်ထွေးနေခဲ့သည်။ သူမှတ်မိတဲ့တစ်ခု
တည်းသောအကြောင်းအရာမှာ ပိုင်ကျင့်
ကိုအိပ်မက် မက်တဲ့အခါတိုင်းစိတ်တည်ငြိမ်
နေခဲ့တာချည်းပင်ဖြစ်၏။ပိုင်ကျင့်သာ ရှိနေသ၍ ဘာပြဿနာမှ
ဖြစ်မလာနိုင်တော့သလိုပါပင်....။ထိုနက်ရှိုင်းတဲ့ယုံကြည်မှုက သူ့အိပ်မက်တွေ
ထဲအထိပါပျံ့နှံ့လာခဲ့၏။လီရှူးရိပြန်ကောင်းလာပြီးတဲ့နောက်မှာ
ပိုင်ကျင့်အပေါ်ကို ဘာခံစားချက်မှ
ထုတ်မပြခဲ့သလို သူ့ရဲ့ သံသယလွန်ကဲ
တတ်တဲ့စိတ်ကြောင့် နှစ်အနည်းငယ်ကို
မပျော်မရွှင်နဲ့ ဖြတ်သန်းခဲ့ရလေသည်။တကယ်တမ်းမှာတော့ ပိုင်ကျင့်ကသူ့ကို
ဘယ်တုန်းကမှမကြိုက်ခဲ့ဘူးဆိုတာကို
လီရှူးရိ သိနေပါ၏။ပိုင်ကျင့်သူ့အပေါ်လုပ်ပေးခဲ့တဲ့ကိစ္စတွေ
ကလည်း သူငယ်ချင်းတစ်ယောက်အပေါ်
လုပ်ပေးနိုင်တာမျိုးထက်ဘယ်တုန်းကမှ
မပိုခဲ့ပါချေ။လီရှူးရိရဲ့မပြည့်ဝနိုင်တဲ့စိတ်ခံစားချက်
တွေကသာ ပိုင်ကျင့်ကိုနောက်ဆုံးသော
ကောက်ရိုးမျှင်လေးတစ်ခုအဖြစ်မှတ်ယူ
မိခဲ့ခြင်းဖြစ်လေသည်။လီရှူးရိ အတိတ်အကြောင်းကို
မတွေးဖြစ်တာအတော်ကြာခဲ့ပြီဖြစ်၏..။အခုသူတွေးကြည့်လိုက်တော့လည်း
ဘယ်တုန်းကမှမကျက်ခဲ့ပေမဲ့ပိပိရိရိ
ဖုံးကွယ်ထားခဲ့တဲ့ဒဏ်ရာတစ်ခုကို
ဆွဲဖြဲလိုက်သလိုမျိုးပါပင်။လီရှူးရိ ကမ္ပည်းကျောက်စာတိုင်ကို
လှမ်းကြည့်လိုက်ရင်း သူ့အတွေးတွေမှာ
ဟိုတစ်စသည်တစ်စဖြင့်ပျံ့နှံ့နေခဲ့၏။လက်စားချေခဲ့တာက ဘာတွေကိုများ
ပြောင်းလဲသွားစေခဲ့သလဲ..?
YOU ARE READING
ချစ်ခြင်း၏ အဆုံးဝယ် |ဘာသာပြန်|
Randomtotal chapter- 113 chapters update schedule- random.