10

1K 125 2
                                        


Unicode

လီရှူးရိ ဒဏ်ရာရသွားခဲ့ပေမဲ့ သူက
လူနာဆောင်ကိုရောက်နေခဲ့တာကြောင့်
ဒဏ်ရာကိုချက်ချင်းကုသလိုက်နိုင်သည်။

ဒဏ်ရာကိုချုပ်နေတုန်းမှာ လီရှူးရိ
သူ့ရဲ့သွေးရောင်လွှမ်းနေတဲ့လက်ဖဝါး
ကိုသာ ခံစားချက်မဲ့စွာဖြင့်ကြည့်နေခဲ့၏။
ဒီတိုင်းသူ့ကိုယ်ထဲက သွေးတွေဆက်ပြီး
စီးကျနေရင်း ကျန်းမန့်ချင်နဲ့သက်ဆိုင်တဲ့
သွေးတစ်ဝက်ကိုဖယ်ထုတ်နိုင်သွားရင်လည်း
ကောင်းတာပဲလို့ သူနောင်တရစွာ
တွေးလိုက်မိသည်။

ဋ္ဌာနမှူးကသတင်းတွေအားလုံးကို
ကြားတဲ့အခါမှာ အမြန်ရောက်လာခဲ့သည်။
လီရှူးရိရဲ့ မျက်နှာကသွေးဆုံးရှုံးထားမှု
ကြောင့်ဖြူဖျော့နေသည်ကိုတွေ့တော့
ဋ္ဌာနမှူးရဲ့မျက်နှာ ကလီရှူးရိထက်ပင်
အရုပ်ဆိုးသွားလေ၏။လီရှူးရိက
လက်ထောက်နဲ့ သက်တော်စောင့်တွေမပါဘဲ
ဒီကိုတစ်ယောက်ထဲလာလိမ့်မယ်
လို့သူမမျှော်လင့်ထားခဲ့ပါချေ။

အကယ်၍ ဒီကိစ္စသာ ထုတ်ဖော်ခံ
လိုက်ရလျှင်သူရာထူးကနေထွက်ပြီး
မွေးရပ်မြေကိုပြန်ကာ လယ်စိုက်နေရ
လိမ့်မည်။ သူခါးကိုကိုင်းလိုက်ကာ လီရှူးရိ
ကိုတောင်းပန်ရင်း ဒီကိစ္စကိုအဖြေရှာ
ပါ့မယ်လို့ကတိပေးလိုက်သည်။ သို့ပေမဲ့
လီရှူးရိကငြင်းလာ၏။

"ဒီကိစ္စနဲ့ပတ်သတ်ပြီး စုံစမ်းနေစရာ
မလိုပါဘူး"

ဋ္ဌာနမှူးမှာကြောင်အသွားရပြီး လီရှူးရိကို
ရှုပ်ထွေးစွာကြည့်လာသည်။လီရှူးရိ
ရှင်းပြနေရမှာကိုပျင်းလွန်းတာကြောင့်
အမိန့်သာပေးလိုက်သည်။

"မင်းလက်အောက်ကလူတွေအားလုံးကို
ပြောထားလိုက်၊ ဒီနေ့ဘာကိစ္စမှ
မဖြစ်ခဲ့ဘူး"

ဋ္ဌာနမှူးကစိတ်အားထက်သန်စွာခေါင်းညိမ့်
လိုက်ပြီးနောက်လီရှူးရိရဲ့ ဒဏ်ရာရနေတဲ့
လက်ကိုလှမ်းကြည့်သည်။ သူကသတိဖြင့်
မေးလာ၏။

"ဒီမှာနေဖို့နေရာတစ်နေရာစီစဥ်ပေး
ရမလား၊ဒါမှမဟုတ် တစ်ယောက်ယောက်ကို
ခေါ်ပြီးလိုက်ပို့ခိုင်းလိုက်ရမလား"

လီရှူးရိက တခြားကိစ္စတွေရှိသေးတယ်လို့
ပြောပြီး ငြင်းဆန်လိုက်ကာ ထိုလူကို
စကားလုံးအနည်းငယ်ဖြင့် အဝေးပို့
လိုက်သည်။

ချစ်ခြင်း၏ အဆုံးဝယ် |ဘာသာပြန်|Where stories live. Discover now