21

764 122 21
                                    

Unicode

ထိုနေ့လယ်က နင်ယွဲ့ မူးလဲသွားခဲ့
တာကြောင့်ဆေးရုံကိုပို့လိုက်ရသည်။

အန်ကယ်ဝူကဖုန်းဆက်လာတော့မှ
လီရှူးရိထိုအကြောင်းကိုသိရတာဖြစ်သည်။

အန်ကယ်ဝူက လီရှူးရိကိုအပြစ်မပြောချင်
ခဲ့သလို သူလုပ်တယ်ဆိုတာကိုလည်း
မယုံပါချေ။ဒါပေမဲ့ လီရှူးရိရဲ့အေးစက်ပြီး
ခက်ထန်တဲ့စရိုက်နဲ့တင် ဘာကိုမှ
ရှင်းပြလို့မရနိုင်ဖြစ်နေ၏။ ပြီးတော့
သူနဲ့ပိုင်ကျင့်တို့ကြားထဲမှာ နားလည်မှု
လွဲနေတာ တစ်ခုခုရှိလိမ့်မည်။

သူကဖုန်းထဲကတစ်ဆင့်အကြံပြုလာ၏။

"သခင်လေးကိုသေချာရှင်းပြလိုက်ပါ။
သူနဲ့ထိပ်တိုက်ကြီးမတွေ့ပါနဲ့"

လီရှူးရိကူကယ်ရာမဲ့စွာပြုံးလိုက်ကာ

"ဘယ်လိုမျိုးလဲ? နင်ယွဲ့ကသူ့ဘာသာ
မူးလဲသွားတာလို့ပြောရမှာလား?
သူက ယုံမယ်လို့ထင်လား"

သက်ကယ်ဝူရဲ့သက်ပြင်းချသံကိုကြားတော့
လီရှူးရိပြောလိုက်သည်။

"ကျွန်တော့်အတွက်စိတ်ပူမနေပါနဲ့။
ကိုယ့်ကိုယ်ကိုပဲဂရုစိုက်ပါ"

လီရှူးရိ ထိုညနေကအိမ်ပြန်သွားခဲ့၏။
မထင်မှတ်ထားစွာပဲ ပိုင်ကျင့်ကနင်ယွဲ့နဲ့
အတူဆေးရုံမှာရှိနေရမဲ့အစား အိမ်ကို
ပြန်ရောက်နေခဲ့သည်။

ပိုင်ကျင့်ရဲ့မျက်နှာကိုမြင်လိုက်ရတဲ့အခါ
ဒီနေ့ကတော့ အေးအေးဆေးဆေးနဲ့
ပြီးသွားမှာမဟုတ်မှန်းလီရှူးရိသိလိုက်၏။
အဲ့တာကြောင့်သူ ကုတ်အင်္ကျီကိုချွတ်ကာ
နက်ခ်တိုင်ကိုဖြေလျှော့လိုက်ပြီး
မျက်နှာချင်းဆိုင်ကခုံမှာဝင်ထိုင်
လိုက်သည်။

ကျန်တဲ့လူတွေအားလုံးကတော့ရှောင်ထွက်
သွားကြပြီဖြစ်ကာ အန်ကယ်ဝူကတော့
မသွားခင်မှာသူ့ကိုစိုးရိမ်၍သတိပေးခဲ့
သည်။

"စကားကိုကောင်းကောင်းပြောနော်...
သခင်လေးကိုဒေါသမထွက်စေနဲ့"

ပိုင်ကျင့်က တည်ငြိမ်ပြီးထိန်းချုပ်နိုင်စွမ်း
ရှိတဲ့လူပင်​​ဖြစ်သည်။သူ့ရဲ့အဖိုးကသူ့အား
ခံစားချက်တွေကိုထိန်းချုပ်ဖို့ရန် ငယ်ငယ်
ကတည်းကသင်ကြားပေးခဲ့၏။ခံစားချက်
ကိုမထိန်းချုပ်နိုင်လျှင် ဖော်ထုတ်ခံ
လိုက်ရမည်။ ဖော်ထုတ်ခံရပြီဆိုတာနဲ့
ကိုယ့်ကို ထိန်းချုပ်နိုင်သွားကြမှာပဲဖြစ်၏။

ချစ်ခြင်း၏ အဆုံးဝယ် |ဘာသာပြန်|Where stories live. Discover now