75

452 119 5
                                    


Unicode

ပိုင်မိသားစုအိမ်ကနေပြန်လာရင်း လမ်း
တစ်ဝက်ကိုရောက်နေပြီဖြစ်၏။ပိုင်ဟောက်က
ခရီးသည်ခုံမှာ စိတ်ပျက်လက်ပျက် ထိုင်နေတဲ့
လူကို လှည့်ကြည့်လိုက်မိရင်း မရယ်ဘဲမနေနိုင်ခဲ့ပါချေ။

"မင်းဘာလို့ အန်ကယ့်ကိုဒီလောက်ထိ
ကြောက်ရတာလဲ?"

ကျင့်ယန်ကဘာမှမပြောဘဲ သူ့ရဲ့ခေါင်း
ကိုသာ တိတ်တဆိတ်နဲ့ခါယမ်းလာလေသည်။
တကယ်တော့ သူနဲ့ပိုင်ကျင့်တို့က စကား
တစ်လုံးနှစ်လုံးပြောဖို့တောင်ခပ်ရှားရှား။
ဒါပေမဲ့သူကိုယ်တိုင်လည်း ဘာလို့
ပိုင်ကျင့်ကိုကြောက်မိသလဲဆိုတာ
မရှင်းပြတတ်ပါချေ။ အဲ့တာကဘာလို့ဆို....
ပိုင်ကျင့်မှာ သူ့သခင်လေးရဲ့အနာဂတ်နဲ့
ကံကြမ္မာကို စကားတစ်ခွန်းနဲ့တင် ပြောင်းလဲ
ပစ်လိုက်နိုင်တဲ့စွမ်းအားရှိလို့လား...။
ဒါမှမဟုတ်လည်းသူက အန်ကယ်လီရဲ့
နားမှာ နှစ်ပေါင်းများစွာနေခဲ့တာ..။ဒီလိုနဲ့
သူလည်းပဲ လိုချင်တာကိုမရနိုင်တဲ့
နာကျင်မှုကို ခံစားလာရလို့ပဲလား...။အတို
ပြောရရင် သူ ဒီကမ္ဘာပေါ်မှာ ဂရုအစိုက်ဆုံး
လူနှစ်ယောက်က ပိုင်ကျင့်ဆီကနေ အသီးသီး
ထိန်းချုပ်ခံထားရတာချည်းပဲ..။ဒါ့အပြင်
သူကလည်း ဘာဆိုဘာမှမလုပ်နိုင်ဘူးလေ။
ဒီခံစားချက်တွေအားလုံးရောထွေးသွား
တဲ့အခါမှာသူ ပိုင်ကျင့်ကို ပြောမပြတတ်
အောင် ကြောက်ရွံ့ခဲ့မိတာပဲ ဖြစ်လိမ့်မယ်။

ပိုင်ဟောက်မှာ ကျင့်ယန်ရဲ့ စိတ်အခြေအနေ
မကောင်းတာကိုတွေ့တော့ လီရှူးရိကို
စိုးရိမ်နေတာကြောင့်ပဲဖြစ်မယ်လို့ တွေးလိုက်
မိ၏။ ဒါကြောင့်သူ တစ်ဖက်လူကို
နှစ်သိမ့်ပေးလိုက်သည်။

"စိတ်မပူပါနဲ့...အန်ကယ်က အန်ကယ်လီကို
ကောင်းကောင်းဆက်ဆံမှာပါ"

အမှန်တိုင်းပြောရရင် ပိုင်ဟောက်မှာ
ကျင်ယန်ကို ဘယ်လိုမျိုးရှင်းပြရမလဲ
မသိတဲ့အကြောင်းအရာတွေလည်း ရှိသေး
သည့် အတိတ်မှာတုန်းကဆိုသူက ပိုင်ကျင့်
ကို အဝေးကနေပဲ လှမ်းကြည့်နိုင်ခဲ့တာ
ဖြစ်ပါ၏။ တခြားလူတွေလိုပဲ...သူတွေးခဲ့
မိတာက ဒီလိုမျိုးမြင့်မားလှပြီး အင်အားကြီး
တဲ့လူက လွတ်လပ်ပြီး ထိန်းသိမ်းမှုမရှိ
နေနိုင်လိမ့်မည်....ဖြုန်းတီးမှုနဲ့မွေ့လျော်လို့
နေလိမ့်မည်ဟူ၍...။ ဒါပေမဲ့သူ ပိုင်ကျင့်နဲ့
စပြီးအလုပ်လုပ်နဲ့အချိန်ကျမှ သူ့ဦးလေးရဲ့
ဘဝဟာ ဘယ်လောက်တောင်မှ ငြီးငွေ့ဖွယ်
ကောင်းတယ်ဆိုတာကို နားလည်လာခဲ့ရ
လေသည်။ သူ လက်ထောက်ကျောဆီကနေ
ကြားခဲ့တာက လီရှူးရိသာရှိနေရင် ပိုင်ကျင့်က
သူနဲ့ပဲ စကားများလိုက် ပြဿနာရှာလိုက်နှင့်
လုပ်တတ်သည်။ နောက်ပိုင်း လီရှူးရိ
ထွက်သွားတဲ့အခါကျ ဒီလူဆီက လက်တွေ့
ကျတဲ့အရာတွေအားလုံး ပျောက်ဆုံး
သွားတော့တာဖြစ်၏။ အဲ့ဒီ့လိုပြောရအောင်
လည်း ဒီရက်တွေအတွင်း ပိုင်ကျင့်နဲ့ နီးကပ်ဖို့
ကြိုးစားနေတဲ့လူတွေ မရှိတော့တာမဟုတ်
ပါချေ။

You've reached the end of published parts.

⏰ Last updated: 3 days ago ⏰

Add this story to your Library to get notified about new parts!

ချစ်ခြင်း၏ အဆုံးဝယ် |ဘာသာပြန်|Where stories live. Discover now