14

664 106 7
                                    


Unicode

မနက်စောစောမှာပဲ ကျင့်ယန် ဖုန်းကောလ်
တစ်ခုကြောင့်နိုးလာခဲ့သည်။

သူမနေ့ကဆိုဖာပေါ်မှာအိပ်ခဲ့တာကြောင့်
ဖုန်းက သူ့ကိုယ်အောက်မှာ တုန်ခါ
နေ၏။ ကျင့်ယန်မျက်လုံးကိုမှတ်ထား
ရင်းနှင့်ပင် ဖုန်းကိုလိုက်စမ်းနေလိုက်သည်။
နောက်ဆုံးမှာတော့သူ ဆိုဖာကြားထဲက
ဖုန်းကိုဆွဲထုတ်လိုက်နိုင်၏။ သူနာမည်
ကိုတောင်မကြည့်မိပဲအိပ်ချင်မူးတူးနှင့်
အသံတစ်ချက်ပြုလိုက်သည်။

လီရှူးရိရဲ့အေးစက်နေတဲ့အသံက
ဖုန်းထဲကနေထွက်လာခဲ့ကာ

"အခုထိ မထသေးဘူးလား?"

ကျင့်ယန်ရုတ်တစ်ရက်ကြီး ထခုန်မိလိုက်ရာ
ဆိုဖာပါလှုပ်ယမ်းသွား၏။သူရှက်ရွံစွာဖြင့်
ပြောလိုက်သည်။

"အခု...လေးတင်ပါပဲ"

နေ့လယ်ပင်ရောက်ခါနီးဖြစ်နေတာကြောင့်
လီရှူးရိ သူ့ကိုနှိုးလိုက်တာအတွက်
မရှက်ရွံ့ပေ။သူကပြောလိုက်၏။

"မင်းငါ့ကိုရှာပေးဖို့ အကူအညီတောင်းထားတဲ့
ဟာကိုရှာတွေ့ခဲ့တယ်။ အချိန်ရှိရင်လာပြီး
ယူလိုက်...ငါကုမ္ပဏီမှာပဲရှိနေမှာ"

ကျင့်ယန် စိတ်လှုပ်ရှားလွန်းတာကြောင့်
အော်မိသွားရကာ လီရှူးရိထံမှ အဆူခံ
လိုက်ရတော့သည်။သူ့မျက်နှာကို
ရှက်ရွံ့စွာကုန်ခြစ်လိုက်ပြီးနောက်

"ကျွန်တော်နားလည်ပါပြီ။ကျေးဇူးပါ
အန်ကယ်လီ!"

"ဒါပဲ ဖုန်းချပြီ"

"အယ် ခဏ! ခဏ!"

"ဟမ်?"

လီရှူးရိကစိတ်မရှည်စွာပင်နှာခေါင်းသံနှင့်
ဖြေလာသည်။ ကျင့်ယန်ထပ်ပြီးအချိန်မဖြုန်း
ရဲတာကြောင့် အမြန်မေးလိုက်၏။

"အန်ကယ်လီ ဒီနေ့စီစဥ်ထားတာတွေရှိလား?
ကျွန်တော်နဲ့အတူ အပြင်သွားချင်မလားလို့"

လီရှူးရိက "ဟင့်အင်း"

ကျင့်ယန်ကအလေးအနက်ထပ်ပြီး
မေးလာသည်။

"အန်ကယ်လီ ကျွန်တော့်ကိုမလိမ်ပါဘူးနော်
ဟုတ်တယ်မလား?"

"မလိမ်ဘူး"

ချစ်ခြင်း၏ အဆုံးဝယ် |ဘာသာပြန်|Where stories live. Discover now