ဒီနေ့ သူမကို ဖိတ်ထားတာကတော့ သူမရဲ့ လက်အောက်က ကိုယ်ရံတော်တစ်ယောက်နဲ့ သူ့ဇနီးက ဖိတ်ကြားထားတာဖြစ်သည်. ဇနီးဖြစ်သူက သားတစ်ယောက်ရှိတဲ့ မုဆိုးမဖြစ်တာကြောင့် ဒါက သူမရဲ့ ဒုတိယမြောက်လက်ထပ်ခြင်းဖြစ်သည်. စစ်ပွဲကနေ ပြန်လာတဲ့ ယောက်ျားတိုင်းက ငယ်ရွယ်ပြီး လှပတဲ့မိန်းကလေးတွေကို ယူချင်ကြတာမဟုတ်ပေ. သူတို့လုပ်ဖော်ကိုင်ဖက်တွေရဲ့ အပျိုကြီးဖြစ်နေတဲ့ အစ်မ, ညီမတွေနဲ့ သမီးတွေကို လက်ထပ်ဖို့ ကမ်းလှမ်းခဲ့ကြတဲ့သူတွေလဲရှိသည်. တစ်ချို့ကတော့ စစ်အတွင်းမှာ ကျဆုံးသွားတဲ့ စစ်သည်တွေရဲ့ ဇနီးတွေကို လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့ကြတဲ့သူတွေလဲရှိသည်. ဒီလိုလက်ထပ်တာကိုတော့ ဧကရာဇ်က အပြည့်အဝထောက်ခံပေးသည်.
ဒီနေ့ညစာစားပွဲကတော့ ကောင်းမွန်ခဲ့သည်. အစားအသောက်တွေက အရမ်းမကောင်းပေမဲ့ ညစာစားပွဲ အခြေအနေက ကောင်းမွန်ခဲ့တာဖြစ်သည်. ဒီမိသားစုက ပျော်ရွှင်တဲ့မိသားစုဖြစ်တာကို Poliana တွေ့မြင်နိုင်သည်. ဇနီးသည်က သူမရဲ့ ခင်ပွန်းအသစ်ကို ချစ်မြတ်နိုးခြင်းမရှိပေမဲ့ သူက သူမကို ကောင်းမွန်စွာဆက်ဆံတာကြောင့် သူ့ကို သဘောကျပုံတော့ရသည်. သူမရဲ့သားက အရမ်းငယ်သေးတာကြောင့် သူ့အဖေအရင်းကို မမှတ်မိပဲ သူ့ရဲ့ ပထွေးကိုသာ အဖေအရင်းလို့ မြင်နေပုံရသည်. ဒီကလေးက အရွယ်ရောက်လာတဲ့အချိန်မှာ သောင်းကျန်းတတ်တဲ့ ကလေးတစ်ယောက် ဖြစ်မသွားမချင်း ဒီမိသားစုက ပျော်ရွှင်အေးချမ်းတဲ့ မိသားစု ဖြစ်နေမှာ ဖြစ်သည်.
Poliana နဲ့ သက်တူရွယ်တူ စစ်သားတွေက လက်ထပ်ပြီးတော့ ကလေးတွေတောင်ရနေကြပြီဖြစ်သည်. သူတို့က တချိန်တည်းလိုလို လက်ထပ်ခဲ့ကြတာကြောင့် သူတို့ကလေးတွေကလဲ အသက်သိပ်မကွာကြပေ. စစ်ပြီးတဲ့နောက် တိုင်းပြည်မှာ လူဦးရေတိုးပွာလာတာက ကောင်းမွန်တဲ့ အချက်ဖြစ်သည်. မြို့ပြရဲ့ အခြေခံအဆောက်အအုံတွေကို စီစဉ်ဖို့နဲ့ ထိန်းသိမ်းဖို့အတွက် တာဝန်ရှိတဲ့ အစိုးရအရာရှိတွေက ဒီအချက်နဲ့ ပတ်သက်ပြီးတော့ သဘောမကျတာ ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ Poliana ကတော့ စိတ်မပူပေ. သူမက မိသားစုထဲမှာ ကလေးတွေအများကြီးတာကို သဘောကျလေသည်.
YOU ARE READING
Emperor and the Knightness (Unicode) Book - 1
RomantikRead Complete Novel in English at https://wuxiaworld.site/novel/the-emperor-and-the-knightess/ and ongoing Manga at https://zinmanga.com/manga/emperor-and-the-female-knight-the-king-and-his-knight/