အခန်း ၄၇

384 58 1
                                    

Sir Donau နဲ့ Sir Howe တို့က Poliana ရဲ့ အခန်းဘေးမှာနေတာကြောင့် သူတို့တွေက မကြာခဏတွေ့ဖြစ်ကြသည်. သူတို့အဖေ Sir Baufaloo လိုပဲ သူတို့က အသန့်ကြိုက်တာကြောင့် စစ်စခန်းထဲက တခြားလူတွေထက် သူတို့က ပိုသန့်ရှင်းအောင်နေတတ်ကြသည်. သူတို့က တခြားလူတွေလိုမျိုး အပျော်မယ်တွေဆီ အလည်သွားတာမျိုးလဲ မရှိကြချေ

ညီအစ်ကိုနှစ်ယောက်က Poliana ရဲ့တာဝန်အသစ်နဲ့ပတ်သက်ပြီး သိချင်နေကြသည်. သူမကို Sir Ainno က ဘယ်လိုဆက်ဆံခဲ့လဲဆိုတာ ပြောပြလိုက်တော့ သူတို့က ခေါင်းငြိမ့်ကာ ပြန်ဖြေကြသည်

"အဲ့တာက အဲ့ဒီရိုင်းပြတဲ့အစောင့်တွေအတွက်ပုံမှန်ပဲ. သူတို့က သူတို့ကိုယ်သူတို့ တခြားသူတွေထက်ကောင်းတယ်ထင်နေကြတာ"

"ဟုတ်တယ်. ပြီးတော့ အဲ့အစောင့်တွေက သူတို့ကိုယ်သူတို့ပြင်ဆင်ဖို့အတွက် အချိန်အရမ်းအကုန်ခံကြတာပဲ"

Donau က သူ့အစ်ကိုကိုကြည့်ကာ ပြောလိုက်သည်

"အစ်ကိုလဲ အတူတူပဲလေ"

"ငါက မတူဘူး. သူတို့နဲ့လုံးဝမတူဘူး. ငါ့ဒေါသအထွက်ဆုံးတစ်ချက်က အဲ့အစောင့်တွေအားလုံးက အရမ်းသန်မာတာပဲ. မတရားဘူး"

"ပြီးတော့ သူတို့မိသားစုနောက်ခံတွေကလဲ ကောင်းတယ်"

"ဟုတ်တယ်. သူတို့မိသားစုတွေက ချမ်းသာတဲ့ အထက်တန်းလွှာတွေ. ပိုက်ဆံရှိတာ တော်တော်ကောင်းပုံရတယ်. သူတို့ဝတ်စုံကို ကြည့်ပါလား? အပြာရောင်ဆိုတော့
သွေးတွေပေလိုက်ရင် အရမ်းသိသာမှာ. အဲ့အရောင်က အသုံးမကျတဲ့ဟာကို သူတို့က မပြောင်းချင်ကြဘူး. ငါကြားတာတော့ သူတို့က ဝတ်စုံညစ်ပတ်သွားရင် အသစ်ထပ်ဝယ်လိုက်ကြတာတဲ့"

သူတို့နှစ်ယောက်လုံး Poliana နဲ့ ပျော်ရွှင်စွာနဲ့ စကားပြောနေကြသည်.

"ငါ ပြီးခဲ့တဲ့တစ်ပတ်ကမှ ရေချိုးထားတာ, အဲ့တာ ငါက သန့်နေသေးတယ်မဟုတ်လား? Sir Ainno က ငါ့ကို ညစ်ပတ်နေတာပဲလို့ ပြောတာ ယုံတောင်မယုံနိုင်ဘူး ပြီးတော့ သူက အကူတွေကို အမိန့်ပေးသေးတာ ငါ့များ ညစ်ပတ်နေတဲ့အဝတ်စုတ်ကိုလျှော်ခိုင်းနေသလိုမျိုးပြောတာဟ"

Emperor and the Knightness (Unicode) Book - 1Where stories live. Discover now