အခန်း ၁၆၁

272 41 0
                                    

Frau Sneke

တိုင်လုံးနောက်ကွယ်မှာ ရပ်နေတဲ့သူ့ကို ကြည့်ရတာ သနားဖို့ကောင်းနေသည်. သူက စားသောက်ပွဲကို သနားစဖွယ်နဲ့ လှမ်းကြည့်နေသည်. သူက ဘာလို့ စားပွဲဝိုင်းမှာ အတူ သွားမထိုင်နိုင်ရတာလဲဆိုတာကို Poliana နားမလည်နိုင်ဘူးဖြစ်နေသည်. သူမက Lady Tory ကို မေးလိုက်သည်.

"မင်း ဟိုလူ့ကိုသိလား?"

"Frau Sneke ကို ပြောတာလား? ကျွန်မသိတယ်. တကယ်လို့ ရှင်သူ့အကြောင်းသိချင်ရင် ကျွန်မ သိသလောက် အကုန်ပြောပြပေးမယ်"

"ဒီပွဲမှာ Sneke မိသားစုကလူတွေလဲ ရှိနေမှာကို သူက ဘာလို့ အဲ့မှာ သွားပုန်းနေရတာလဲ? သူက ဒီပွဲကို ဝင်ပြီး မထိုင်ဘူးလား?"

တကယ်လို့ သူက သူစိမ်းတွေနဲ့ အတူထိုင်ဖို့ အဆင်မပြေဘူးဆိုရင် သူ့မိသားစုဝင်တွေနဲ့ အတူထိုင်လို့ ရသည်. အသက် ၃၀ ကျော်ယောက်ျားတစ်ယောက်အနေနဲ့ တိုင်နောက်မှာ ကွယ်နေကာ သနားစရာကောင်းတဲ့ပုံ ဖြစ်နေစရာအကြောင်းမရှိပေ. Poliana က နားမလည်နိုင်ဘူးဖြစ်နေသည်. သူမက သံသယမကင်းသလိုတောင် ဖြစ်နေသေးသည်. သူက ဘာကို ကြောက်နေတာလဲ?

Tory က သူ့ကို စာနာစွာနဲ့ ကြည့်ကာ ပြန်ဖြေလိုက်သည်.

"သူ့မိသားစုဝင်တွေကို ရှောင်နေတာဖြစ်လိမ့်မယ်. သူ့ကို သူ့မိသားစုကနေ မောင်းထုတ်ထားတာလေ"

Sneke မိသားစုက မျိုးရိုးစဉ်ဆက် စစ်သည်မိသားစုဖြစ်ခဲ့တဲ့အကြောင်း ရှင်းပြလာသည်. မိသားစုဘွဲ့, စည်းစိမ်ချမ်းသာတွေနဲ့ နယ်မြေတွေကို သားဦးကသာ အမွေဆက်ခံခွင့်ရှိတာဖြစ်ပေမဲ့ ဒီမျိုးနွယ်က ဩဇာလွှမ်းမိုးမှုရှိပြီး ကြွယ်ဝချမ်းသာတာကြောင့် တခြား သား ၄ ယောက်ကို အမွေပေးဖို့အတွက် စည်းစိမ်တွေ အများကြီး ကျန်ရှိနေသေးသည်. သူ့မိသားစုက သူ့ကို မထောက်ပံ့ပေးလို့ Frau က သမားတော်ဖြစ်လာရတာလို့ Poliana က ထင်ခဲ့ပေမဲ့ သူမထင်တာ မှားသွားခဲ့သည်.

ငါးယောက်မြောက်သားဖြစ်ပေမဲ့ Sneke မိသားစုက Frau စစ်သည်ဖြစ်လာဖို့ လိုအပ်တဲ့ပညာရေးနဲ့ ပတ်သက်ပြီးတော့ ကပ်စေးနှဲပုံမရပေ. သူ့ရဲ့ အစ်ကို ၄ ယောက်လုံးက စစ်သည်တွေဖြစ်လာပေမဲ့ Frau ကတော့ ကျရှုံးခဲ့သည်. သူ့မှာ အရည်အချင်းမရှိလို့လား ဒါမှမဟုတ် သူက မကြိုးစားခဲ့လို့လား? သူက စစ်သည်ဖြစ်လာဖို့ လက်လျော့ခဲ့တာလို့ Tory က ပြောလာသည်.  ဒါက သူ့အဖေကို ဒေါသထွက်သွား စေခဲ့ကာ Baron Sneke က အဲ့တာကြောင့် ဆုံးပါးသွားခဲ့ပြီး Frau ကို သူ့မိသားစုကနေ မောင်းထုတ်ခဲ့သည်. အသက်ရှင်နေထိုင်ဖို့အတွက် Frau က တော်ဝင်သမားတော် Baron Redikal ရဲ့ တပည့်ဖြစ်လာခဲ့သည်.

Emperor and the Knightness (Unicode) Book - 1Where stories live. Discover now