အခန်း ၃၆

422 80 0
                                    

Poliana ကို စစ်သည်တွေက ဝိုင်းလိုက်ကြတယ်.

လူတွေကြည့်ရတာ ဒေါသထွက်နေကြပြီးတော့ သူတို့ဒေါသတွေက သူမဆီကို တိုက်ရိုက်ရောက်လာသည် Poliana က တစ်ခုခုပြောဖို့ စဉ်းစားလိုက်ပေမဲ့ မပြောဖြစ်လိုက်ဘူး

သူတို့ပြောတာကို အရင်စောင့်လိုက်တာ ကောင်းမယ်လို့ သူမတွေးလိုက်သည် သူတို့ဘာတွေပြောလာမလဲဆိုတာကို သူမသိနေတာကြောင့် သူတို့ပြောလာမှာကို စောင့်နေလိုက်သည်

ဒီလူတွေအားလုံးကို သူမမသိပေမဲ့ သူမ မြင်ဖူးနေကျလူတွေလဲပါဝင်သည်.

Sir Ainno နဲ့ Sir Bentier လဲရှိနေတာကြောင့် အခုရှိနေတဲ့လူတွေအားလုံးက အဆင့်မြင့်အရာရှိတွေချည်းပဲဆိုတာ သူမခန့်မှန်းလို့ရသည် သူတို့ဘာကြောင့် သူမဆီကိုရောက်လာတာလဲဆိုတာ သူတို့ပြောစရာမလိုပဲ သူမ သိနေခဲ့သည်

နောက်ဆုံးတော့ Ainno က မေးလိုက်သည်

"မင်းကိုယ်မင်း ဘာထင်နေလဲ?"

"ကျွန်မက အရှင့်ရဲ့ စစ်သည်ပါ"

"ငါမေးချင်တာ အဲ့တာမဟုတ်ဘူးဆိုတာ မင်းသိပါတယ်"

တခြားစစ်သည်တွေက ဒေါသတကြီးနဲ့ တောက်ခေါက်လိုက်ကြသည်

"ငါတို့ဧကရာဇ်က မိန်းမတစ်ယောက်ကို စစ်သည်အဖြစ်လက်ခံပေးတာနဲ့တင် တော်တော်လေး သဘောထားကြီးပေးရာရောက်နေပြီ. ဒါတောင် ဒီကျေးဇူးမသိတတ်တဲ့ မိန်းကလေးက သူမက အတော်ဆုံးလို့ထင်နေတယ် မင်း ကိုယ့်နေရာကိုယ်သိသင့်တယ် မိန်းကလေး"

"မင်းဘာလုပ်နေလဲဆိုတာ မင်းမသိဘူးပဲ!"

"မင်း ထောက်ပံ့မှာပဲ တိတ်တိတ်လေးနေပြီးတော့ အလုပ်လုပ်သင့်တာ. မင်းက အရှင့်ရဲ့ ကြင်နာမှုကို အလွဲသုံးစားလုပ်နေတာ! အရှင်က မင်းကို သတိထားမိအောင်လုပ်နေတာလား?"

Poliana က မတ်မတ်ရပ်လိုက်တယ်. ဒီလိုရက်ရောက်လာမယ်ဆိုတာကို သူမသိနေခဲ့ပြီး သူတို့ကို ဘယ်လိုပြန်ဖြေရမလဲဆိုတာကို စဉ်းစားပြီးသားဖြစ်သည်
သူမကို စော်ကားပြောဆိုတာတွေကို သူမလက်ခံသည် သူမလိုတာက သူမဧကရာဇ်ကို အရှက်ရစေမဲ့အပြောအဆိုတွေ အပြုအမူတွေကို ရှောင်ရှားဖို့ပဲဖြစ်သည်

Emperor and the Knightness (Unicode) Book - 1Where stories live. Discover now