အခန်း ၁၆၈

216 30 0
                                    

Sir Bentier က Yapa မှာ အထီးအကျန်ဆုံးလူဖြစ်လိမ့်မယ်လို့ Poliana က ထင်လိုက်သည်. သူက သူ့ရဲ့ဇနီးနဲ့ သားကိုတောင် ယုံကြည်လို့မရတာကြောင့်ဖြစ်သည်... Lady Seeze နဲ့ Sote တို့ဘက်ကနေ ကြည့်မယ်ဆိုရင်လဲ Sir Bentier က သူ့မိသားစုကိုတောင် မယုံကြည်နိုင်တဲ့ သစ္စာဖောက်တစ်ယောက် ဖြစ်ကောင်းဖြစ်နိုင်သည်. မိသားစုဝင်နည်းပါးတာ ဒါမှမဟုတ် မိသားစုလုံးဝမရှိတာကလဲ ကောင်းကျိုးတစ်ခုပဲဆိုတာကို Poliana သတိပြုမိလိုက်သည်. တစ်ယောက်တည်းဖြစ်နေတာက လုံးဝမကောင်းတဲ့အရာတော့လဲ မဟုတ်ပေ.

ဒါပေမဲ့...

'သူ့ဇနီးကိုတော့ ယုံသင့်တယ်မဟုတ်ဘူးလား?'

ချက်ချင်းပဲ သူမ ဘယ်လောက်တောင်တုံးအသလဲဆိုတာကို သတိပြုမိသွားတာကြောင့် သူမခေါင်းကို ရမ်းလိုက်သည်. အထက်တန်းလွှာတွေရဲ့ လက်ထပ်ပွဲက နိုင်ငံရေးအရ ဒါမှမဟုတ် စီးပွားရေးအရ စီစဉ်လက်ထပ်ကြတာဖြစ်သည်. Sir Bentier ရဲ့အဘိုး Marquis Seeze က Sir Bentier ရဲ့လက်ထပ်ပွဲအတွက် စီစဉ်ပေးခဲ့တာဖြစ်နိုင်သည်. ဒါကြောင့် Marquies Seeze က သူမရဲ့ခင်ပွန်း Sir Bentier အပေါ် သစ္စာရှိဖို့မလိုပဲ သူ့အပေါ်ကိုသာ သစ္စာရှိဖို့လိုတဲ့ အမျိုးသမီးတစ်ယောက်ကို ရွေးခဲ့တာဖြစ်နိုင်သည်.

Poliana က Sir Bentier ရဲ့ စာကြည့်ခန်းထဲကို လိုက်သွားလိုက်သည်. သူတို့က လူတိုင်း သူတို့ကို ဖြစ်စေချင်တဲ့ပုံစံမျိုးအတိုင်း သရုပ်ဆောင်လိုက်နိုင်သည်. အရမ်းလဲမရင်းနှီးသလို အရမ်း စိမ်းသက်နေတာမျိုးလဲမဟုတ်ပေ. အနေရခက်နေတဲ့အနေအထားဖြစ်ပေမဲ့ ယဉ်ကျေးစွာပြုမူနေတဲ့ ပုံစံမျိုးဖြစ်သည်.

Sir Bentier က သူမကို မေးလိုက်သည်.

"အမ်း.. မင်း မသွားခင်မှာ ငါနဲ့အတူ သောက်သွားဦးမလား?"

"ကောင်းတာပေါ့.. ကျွန်မတို့ အုပ်စုဖွဲ့ပြီး သောက်ဖူးပေမဲ့ ရှင်နဲ့ နှစ်ယောက်တည်းတော့ တစ်ခါမှ မသောက်ဖူးသေးဘူးထင်တယ်"

"မင်းရောငါရောက အလုပ်များတာကိုး ဆိုတော့ ငါတို့ အခုသောက်လို့ရတယ်မလား? ဒါအကြံကောင်းလို့ မထင်ဘူးလား?"

"လုံးဝကောင်းတာပေါ့ Sir Bentier"

Sir Bentier က အစေခံကို မလိုအပ်ဘူးပြောကာ အဝေးကို နှင်လိုက်သည်. သူတို့နှစ်ယောက်တည်း ကျန်သွားချိန်မှာတော့ သူတို့ရဲ့ အပြုအမူတွေက သိပ်မပြောင်းသွားပေမဲ့ Sir Bentier ရော Poliana ပါ သရုပ်ဆောင်နေတာကို ရပ်တန့်လိုက်ကြသည်. သူတို့က စစ်ထဲမှာ ၁၀ နှစ်ကျော်ကြာ အတူ တိုက်ပွဲ ဝင်လာခဲ့ကြပေမဲ့ နှစ်ယောက်တည်းအတူအချိန်ဖြုန်းတာမျိုးတော့ မရှိဖူးပေ. သူတို့က တစ်ယောက်နဲ့ တစ်ယောက် သဘောကျနှစ်သက်ကြပြီး တစ်ယောက်အကြောင်း တစ်ယောက်ပိုသိနားလည်ဖို့ အလိုရှိပေမဲ့ အခွင့်အရေးမရခဲ့ကြပေ.

Emperor and the Knightness (Unicode) Book - 1Where stories live. Discover now