Poliana နဲ့ Sir Jainno တို့က အခင်းဖြစ်ရာနေရာကို ချက်ချင်းရောက်သွားသည်. သူတို့က မိနစ်ပိုင်းအတွင်း ချက်ချင်းရောက်သွားခဲ့တာတောင်မှ ကိစ္စတော်တော်များများက ဖြစ်ပျက်ပြီးနေပြီ. တစ်ယောက်ချင်း ရန်နေကြမဲ့ အစား အခုက အုပ်စုလိုက်တိုက်ခိုက်မှုဖြစ်နေခဲ့ပြီ.
"ဘာတွေဖြစ်နေကြတာလဲ?"
တော်ဝင်ကိုယ်ရံတော်တွေက အုပ်စုနှစ်ခုကွဲကာ ရန်ဖြစ်နေကြခြင်းဖြစ်သည်. သူဘာတွေမြင်နေရလဲ ဆိုတာကို Sir Jainno က မယုံနိုင်ဘူးဖြစ်နေသည်.
"မင်းတို့အရူးတွေလား!"
Poliana ကလဲ အော်လိုက်သည်.
"အားလုံးရပ်ကြစမ်း!"
သူမရဲ့ ကြမ်းရှနေတဲ့အသံက လူတိုင်းကို ရပ်တန့်သွားစေသည်. သူတို့ရန်ဖြစ်တာရဲ့ အကျိုးဆက်ကို မသိလောက်အောင် ဒေါသထွက်နေခဲ့ကြတာဖြစ်ပေမဲ့ Poliana ရောက်လာတော့ သူတို့က ကြောက်လန့်ကာ ရပ်တန့်သွားကြသည်.
ဒါက အလွန်ဆိုးတဲ့ကိစ္စပဲဖြစ်သည်.
တစ်ချို့စစ်သည်တွေက သူမကို ရှင်းပြဖို့ ကြိုးစားလာပေမဲ့ Poliana က သူတို့ကို အခွင့်အရေးမပေးခဲ့ပေ. သူမလက်ထဲမှာရှိတဲ့ သားရေလက်အိတ်နဲ့ သူတို့ကို တစ်ယောက်ပြီးတစ်ယောက် ပါးရိုက်တော့သည်.
Slap! Slap!
ဒီကျယ်လောင်ပြီး ကြောက်စရာကောင်းတဲ့အသံက အနားမှာရှိတဲ့လူတိုင်းကို ကြောက်ရွံ့အေးခဲ သွားစေသည်. Poliana က အမိန့်ပေးလိုက်သည်."ဒီရန်ပွဲမှာပါတဲ့သူတိုင်းကို ဖမ်းပြီးတော့ အချုပ်ထဲ ထည့်လိုက်. ဒီကိစ္စနဲ့ ပတ်သက်ပြီး ငါကိုယ်တိုင် အသေးစိတ်စစ်ဆေးမယ်"
တစ်ယောက်မှ ခုခံပြောဆိုလာခြင်းမရှိတော့ပေ. ရန်ပွဲမှာ ပါဝင်ခဲ့ကြတဲ့ လူတွေက သူတို့အမှားကို သိနေကြပြီး ရှက်ရွံ့စွာနဲ့ ခေါင်းငုံ့ကာ အချုပ်ခန်းဆီကို တန်းစီသွားလိုက်သည်. Sir Jainno က စိတ်ရှုပ်စွာနဲ့ တစ်ယောက်ပြီးတစ်ယောက်ကို ကန်နေသည်. ဒါပေမဲ့ Poliana က သူ့ကို ပြောလိုက်တဲ့စကားကြောင့် သူကလဲ တွန့်ဆုတ်သွားသည်.
"မင်းလဲပါတယ် Sir Jainno"
"ကျွန်တော့်ကို ပြောနေတာလား Sir Poliana?"
YOU ARE READING
Emperor and the Knightness (Unicode) Book - 1
RomanceRead Complete Novel in English at https://wuxiaworld.site/novel/the-emperor-and-the-knightess/ and ongoing Manga at https://zinmanga.com/manga/emperor-and-the-female-knight-the-king-and-his-knight/