အခန်း ၉

619 110 1
                                    

ဘုရင်ငယ်လေး Lucius က တဲထဲမှာ အနားယူမဲ့အစား သူက စစ်တပ်မှတ်တမ်းတွေကို စတင်ဖတ်ရှုတော့တယ်. အဲ့မှတ်တမ်းတွေက သိပ်အရေးမကြီးတာကြောင့် သူက အမြန်ကျော်ဖတ်လိုက်ရင်း တစ်နေရာရောက်တော့ သူရပ်တန့်သွားတယ်

"ဒါက..."

အဲ့မှတ်တမ်းက Poliana သူမရဲ့ တပ်စုမှူးရာထူးကို ဖယ်ရှားခံလိုက်ရတဲ့နေ့က မှတ်တမ်းဖြစ်တယ်.
သူမ အထက်လူကြီးတွေက သူမကို မယုံကြည်ပေမဲ့ သူမက အစည်းအဝေးလုပ်နေတုန်းမှာ ပြောထားခြင်းဖြစ်တာကြောင့် သူမ ပြောဆိုသမျှက မှတ်တမ်းထဲတွင် ပါဝင်သည်

အဲ့မှတ်တမ်းထဲမှာ Lucius က သူ့နာမည်ကို ထင်ထင်ရှားရှားကြီးတွေ့လိုက်ရသည်

"Poliana Cranbell.... Paul Cranbell.. ဒါ သူမပဲဖြစ်ရမယ်.. ဟမ်..."

Lucius က သူ့ခေါင်းကို စောင်းလိုက်ပြီးတော့ တီးတိုးပြောလိုက်တယ်..

"ငါပိုပြီးစဉ်းစားလေ သူမက မိန်းကလေးဖြစ်နေရတာကို ပိုပြီး စိတ်ပျက်မိလေပဲ.. ဒီလောက်အရည်အချင်းရှိတာကို"

ဘုရင်အနေနဲ့ သူမကို နှစ်သက်သဘောကျနေမှန်း Poliana မသိခဲ့ဘူး. သူက ဒီတိုက်ပွဲအတွက် သေချာပြင်ဆင်ခဲ့တာ.

စစ်သည်တစ်ယောက်နဲ့ တပ်သားအနည်းငယ်က သူ့လူတွေလက်ထဲကနေ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သူသိလိုက်ရတော့ ထိတ်လန့်သွားခဲ့သည်

သူက ဒီလူကိုဖမ်းဖို့ သူ့လူတွေကို စေလွှတ်ခဲ့သည် ဒါပေမဲ့ ဒီလူစုက အကြိမ်ပေါင်းများစွာ သူ့လူတွေလက်ထဲက လွတ်မြောက်သွားနိုင်တာက သူ့ကို သဘောကျစေခဲ့သည်

ဒီစစ်သည်အဖမ်းခံရချိန်မှာ ရှင်းနေတဲ့အချက်က သူက သူ့လူတွေကို ကယ်တင်ဖို့အတွက် တမင်အဖမ်းခံတာဖြစ်တာကြောင့် Lucius အနေနဲ့ ပိုပြီးတော့ အံ့ဩသွားရသည်

ဒါပေါ့... အဲ့တာက အမျိုးသမီးတစ်ယောက်ဆိုတော့ သူမသိခင်အချိန်ထိပေါ့

အမျိုးသမီးစစ်သူရဲကောင်း

စစ်သမီး

အဓိပ္ပါယ်မရှိလိုက်တာ

'အင်း.... နှမြောစရာပဲ'

Lucius က စာရွက်တွေကို ရှာဖွေပြီးတော့ Poliana Cranbell နာမည်ပါဝင်သမျှ စာရွက်စာတမ်းတွေကို ထုတ်ယူလိုက်တယ်

Emperor and the Knightness (Unicode) Book - 1Where stories live. Discover now