Lady Rebecca က စကားလမ်းကြောင်းပြောင်းလိုက်သည်.
"ဒါနဲ့ ဒီနေ့ညရော ကျွန်မနဲ့အတူ ညစာစားလို့ရလား?"
Poliana က ပြန်ဖြေလိုက်သည်.
"အို.. စိတ်မကောင်းပါဘူး. ငါ့မှာ ချိန်းထားပြီးသားရှိနေလို့"
တခြားအချိန်ဆိုရင်တော့ Poliana က Lady Rebecca ရဲ့ ဖိတ်ကြားချက်ကို လက်ခံဖို့ သူမရဲ့ ချိန်းဆိုမှုကို ဖျက်လိုက်မှာဖြစ်ပေမဲ့ ဒီနေ့ညကတော့ Poliana က Sir Bentier နဲ့ ညစာစားဖို့ ချိန်းထားတာ ဖြစ်သည်. သူက သူမရဲ့ တိုက်ရိုက်အထက်အရာရှိမဖြစ်ဖူးခဲ့ပေမဲ့ စစ်အတွင်းမှာတော့ သူက ဒုတိယတပ်မှူးဖြစ်ခဲ့ပြီး လက်ရှိမှာလဲ တိုင်းပြည်ရဲ့ အဓိပတိအတိုင်ပင်ခံဖြစ်နေသည်. သူက လေးစားစွာဆက်ဆံရမဲ့ လူထဲမှာ ပါနေခဲ့သည်.
Sir Bentier လိုလူမျိုးရဲ့ဖိတ်ကြားချက်ကို ဖျက်သိမ်းဖို့က ကောင်းတဲ့ကိစ္စမဟုတ်ပေ. တကယ်တော့ ဒီလိုအရေးကြီးပုဂ္ဂိုလ်ရဲ့ဖိတ်ကြားချက်ကို လက်ခံရရှိတဲ့အတွက် သူမက ဂုဏ်ယူနေသင့်တာ ဖြစ်သည်.
'ဟုတ်တယ်. ဒါကြောင့်ပဲဖြစ်ရမယ်'
ဒီလိုအရာက Lady Rebecca အနေနဲ့ ဘာလို့ မမြင်ရတဲ့နံရံရှိနေတယ်လို့ ခံစားနေရပြီး အမျိုးသမီး အများစုက သူတို့ရဲ့ ဘဝတစ်လျှောက်လုံး သည်းခံနေရသလိုမျိုးဖြစ်သည်. သူမကိုယ်တိုင်က ဧကရာဇ်ရဲ့ဇနီးသုံးယောက်ထဲက တစ်ယောက်ဖြစ်နေပေမဲ့ လက်တွေ့မှာတော့ သူမမှာ Poliana လိုမျိုး လုပ်ပိုင်ခွင့်နဲ့ အာဏာမရှိပေ.
ဒါပေမဲ့ Rebecca ကတော့ စိတ်ပျက်တာ မနာလိုဖြစ်တာမျိုး မခံစားရပေ. သူမက အနည်းငယ်တော့ သိချင်နေသည်. သူမက မေးလိုက်သည်.
"ရှင်က အတိုင်ပင်ခံနဲ့ ရင်းနှီးမှာပေါ့"
"ပုဂ္ဂိုလ်ရေးအရတော့ အရမ်းမရင်းနှီးပါဘူး. ဒါပေမဲ့ စစ်အတွင်းမှာတော့ ငါတို့အချင်းချင်း မကြာခဏတွေ့ကြတယ်"
လူအများစုယုံကြည်နေသလိုမျိုး Sir Bentier က အကြီးအကဲတွေဘက်မှာ မဟုတ်ပဲ အခု သူက ဧကရာဇ်ဘက်မှာရှိနေတာကတော့ လျှို့ဝှက်ချက်တစ်ခုဖြစ်သည်. Poliana က သူမနဲ့ Sir Bentier တို့ရဲ့ဆက်ဆံရေးက လူတွေယုံကြည်နေသလိုမျိုး အနေရခက်တဲ့ ဆက်ဆံရေးမျိုးဖြစ်အောင် ဆက်ပြီး ဟန်ဆောင်နေရသည်. ဒီတိုင်းပြည်ရဲ့ ထိပ်သီးအာဏာရ အဖွဲ့အစည်းနှစ်ခု ဖြစ်တာကြောင့် ဒီလိုဆက်ဆံရေးမျိုးကို ဆက်လက်ထိန်းသိမ်းထားဖို့ လိုအပ်သည်.
YOU ARE READING
Emperor and the Knightness (Unicode) Book - 1
RomanceRead Complete Novel in English at https://wuxiaworld.site/novel/the-emperor-and-the-knightess/ and ongoing Manga at https://zinmanga.com/manga/emperor-and-the-female-knight-the-king-and-his-knight/