အခန်း ၁၉၃

225 31 0
                                    

Lady Tory က ပြုံးလိုက်ကာ Lady Stra ကို ပြောလိုက်သည်.

"တကယ်လို့ အမျိုးသားတွေက နေဝင်တဲ့အထိ ပြန်မရောက်လာသေးဘူးဆိုရင် ကျွန်မတို့ ရဲတိုက်ကို ကိုယ့်ဘာသာပြန်လို့ရပါတယ်"

"ဟုတ်တယ်. ရှင်ပြောတာမှန်တယ်. ကျွန်မနဲ့အတူ လိုက်လာမိစေလို့ စိတ်မကောင်းပါဘူး Lady Tory. ကျွန်မတို့ ဒီအတိုင်း အကြာကြီးနေရမှာ ပျင်းစရာကောင်းမှာ. အဲ့တာ ကျွန်မ အမှားပါ"

"စိတ်မပူပါနဲ့. ကျွန်မလဲ အမဲလိုက်တာကို ကြည့်ချင်နေတာပါ. အမျိုးသမီးတွေက တစ်ယောက်တည်း အမဲလိုက်လို့မရလို့ ကျွန်မ တစ်ခါမှ ယောက်ျားလေးတွေနဲ့ အမဲမလိုက်ဖူးဘူး"

Lady Tory က Acreian အမျိုးသားတွေအကြောင်း သေချာသိပေမဲ့ သူတို့ကို ဒီလိုအနောက်မှာ ချန်ခဲ့လိမ့်မယ်လို့တော့ သူမ မထင်မိပေ. လူတွေအများကြီးရောက်လာရင် သားကောင်တွေကို ခြောက်လှန့်သလိုဖြစ်သွားမယ်ဆိုပြီး သတိပေးထားတာကြောင့် အမျိုးသမီးတွေက အကူတစ်ယောက်ကိုသာ ခေါ်ခဲ့သည်. Lady Stra က စိတ်ရှုပ်စွာနဲ့ သက်ပြင်းချလိုက်တော့ Lady Tory က သူမလက်ကို ဆုပ်ကိုင်လိုက်သည်.

Lady Stra က မေးလိုက်သည်.

"ကဲ, အခု ကျွန်မတို့ ဘာလုပ်ကြမလဲ?"

"ကျွန်မတို့ စောင့်နေရမှာပေါ့"

"ဒါက Acreian အမျိုးသားတွေ လုပ်နေကြပေါ့, ဟမ်?"

Acreia မှာ အမျိုးသမီးတွေက အိမ်ထဲမှာပဲနွေးနွေးထွေးထွေးနေကာ အမျိုးသားတွေက အမဲလိုက်ကြသည်. အမျိုးသမီးတွေက အမျိုးသားတွေ ပြန်ရောက်တဲ့အထိ စောင့်နေရသည်.

အမျိုးသမီးတွေ စောင့်နေတုန်းမှာ အကူတွေက မီးမငြိမ်းအောင် လုပ်နေကြသည်. Lady Stra က အတူလိုက်ဖို့ တောင်းဆိုခဲ့မိတဲ့အတွက် နောင်တရနေသည်. သူတို့က ဘာမှလုပ်စရာလဲမရှိပေ. Lady Stra က စိတ်ရှုပ်လာပြီး. ရေရွတ်လိုက်သည်.

"ဒီလိုဖြစ်မယ်ဆိုတာသိရင် ကျွန်မ ရဲတိုက်မှာပဲနေခဲ့ပြီးတော့ Duchess နဲ့ စကားပြောနေခဲ့မှာ. ကျွန်မကြောင့်..  ရှင်လဲ ကျွန်မကြောင့် ဒီလိုဖြစ်သွားတာ Lady Tory, ကျွန်မတောင်းပန်ပါတယ်"

Emperor and the Knightness (Unicode) Book - 1Where stories live. Discover now