အခန်း ၇၁

365 61 0
                                    

ဂုဏ်ပြုပွဲအတွက် ခွင့်ပြုပေးခဲ့ပေမဲ့ သူတို့က စစ်အတွင်းမှာ ဖြစ်နေတာကြောင့် အရက်သောက်ဖို့ ခွင့်မပြုခဲ့ပေ. ဒါတောင်မှ တဲထဲမှာ အရက်နံ့တွေက ထောင်းထောင်းထနေသည်


ဘာလို့လဲ?

ဘာလို့လဲဆိုတော့ သူတို့က အရက်တွေကို သူတို့ကိုယ်ပေါ်လောင်းချထားကြလို့ဖြစ်သည်

စစ်သည်တွေက ရေစိုထားတဲ့ ကြွက်တွေလိုဖြစ်နေသည်. Poliana က စိုနေပြီးသားဖြစ်ပေမဲ့ Sir Rabi က သူမခေါင်းပေါ်ကနေ နောက်ထပ်တစ်ခွက်လောင်းချလိုက်သည် သူမနားရွက်နားအထိ ရှည်နေပြီဖြစ်တဲ့ သူမဆံပင်တွေအကုန် စိုရွှဲကုန်သည်

သူတို့က ရေပဲသောက်ကြတာဖြစ်ပေမဲ့ အရက်နံ့တွေကြောင့် တကယ့်ပါတီပွဲအစစ်လို ခံစားနေရသည်. စစ်သည်တွေက မူးလာကာ ပျော်နေကြသည်.

"ငါတို့ရဲ့ Sir Pol က ကိုယ်ရံတော်တပ်ဖွဲ့ခေါင်းဆောင်ဖြစ်လာပြီကွ.! ဝိုး!"

သူမရဲ့အထက်အရာရှိဟောင်း Sir Rabi က စိတ်လှုပ်ရှားစွာနဲ့ ကြေငြာလိုက်သည်.   သူမရဲ့ ပထမဆုံးအထက်အရာရှိ Sir Baufallo ကလဲ ဂုဏ်ယူစွာနဲ့ ပြုံးနေသည်  

သူမရဲ့လုပ်ဖော်ကိုင်ဖက်ဟောင်းက သူမကို ချီးကျူးပြောနေချိန်မှာ သူမက သူမရဲ့လက်ထောက်အသစ်ကို ကြည့်လိုက်သည်

"Sir Poliana Acreian သမိုင်းမှာ မင်းကို ရုပ်အဆိုးဆုံးကိုယ်ရံတော်အဖြစ် အမှတ်ရနေတော့မှာပဲ!"

အရင်တုန်းကတော့ Poliana က ဒီလိုစကားတွေကို လစ်လျှူရှုကာ သူမဒေါသတွေကို ထိန်းလိုက်မှာဖြစ်သည်. ဒါပေမဲ့ အခုတော့ မရတော့ပေ.. သူမလက်ထဲမှာ အာဏာရှိနေပြီ. သူတို့ရဲ့အထက်လူကြီးတွေကို လေးလေးစားစားမဆက်ဆံတဲ့ လက်အောက်ငယ်သားတွေရဲ့ ရိုင်းပြတဲ့အပြုအမူတွေကို သင်ပြဖို့ တာဝန်လဲရှိနေပြီ

ပြီးတော့ ဒီနေရာက စစ်တပ်ဖြစ်တယ်

Poliana က သူမလက်မောင်းကို ဒီရိုင်းပြတဲ့စစ်သည်ပခုံးပေါ်တင်လိုက်တာ တီးတိုးပြောလိုက်သည်.

"မင်းဒီလိုဆက်လုပ်နေမယ်ဆိုရင်. မင်းမျက်နှာကို ငါ့ထက်ရုပ်ဆိုးသွားအောင် ငါလုပ်ပေးလို့ရတယ်"

Emperor and the Knightness (Unicode) Book - 1Where stories live. Discover now