ဒီတိုက်ကြီးရဲ့ မြောက်ပိုင်းဒေသမှာ တိုင်းပြည် ၄ ခုရှိသည် Acreia, Aehas, Kukda နဲ့ Bebero
Acreia က အကြီးဆုံးဖြစ်ပေမဲ့ နယ်မြေအများစုက ရာသီဥတုအေးလွန်းတာကြောင့် နေထိုင်ရန်ခက်ခဲသည်
Aehas နဲ့ Kukda မှာတော့ အကျင့်ပျက်ခြစားနေတဲ့ တော်ဝင်မျိုးနွယ်ရှိပြီး အထက်တန်းလွှာတွေကတော့ ကာလရှည်ကြာနေတဲ့ စစ်ပွဲတွေကြောင့် ချမ်းသာကြွယ်ဝမှုတွေ လျော့နည်းလာနေသည်
Bebero ကတော့ Koemong မြစ်ခံနေတာကြောင့် တခြားနိုင်ငံတွေထက် လုံခြုံစိတ်ချရပေမဲ့ စစ်အင်အားနည်းပါးသည်
၂ နှစ်အတွင်းမှာ မြောက်ပိုင်းဒေသတိုင်းပြည် ၃ ခုကို Lucius က စုစည်းနိုင်လိုက်သည်
ဒါပေမဲ့ လူတွေက သူ့ကို "မြောက်ပိုင်းဒေသက အရှုံးသမား" လို့ စတင်ခေါ်ဝေါ်လာကြသည်
သူ့ရဲ့ချောမောခန့်ညားမှုနဲ့ အောင်ပွဲတွေက မိန်းကလေးတွေ စိတ်လှုပ်ရှားစွာပြောဆိုနေကြတဲ့ စိတ်ကူးယဉ်ဆန်တဲ့ ပုံပြင်လိုဖြစ်နေပေမဲ့ အများစုကတော့ မယုံကြည်ကြချေ.
သူတို့တွေက သူ့မကောင်းကြောင်းတွေပြောကာ ဒီနယ်မြေရဲ့ ငြိမ်းချမ်းရေးကို ဖျက်ဆီးတဲ့ မကောင်းဆိုးဝါးလို လူလို့ ခေါ်နေကြသည်
သူတို့က သူ့ကို အာဏာရှင် လို့ ခေါ်လာကြသည်
အရင်တုန်းက စစ်ပွဲတွေကို ဆောင်းတွင်းမှာသာ တိုက်ကြမယ်ဆိုတဲ့ တရားဝင်သတ်မှတ်မထားတဲ့ စည်းမျဉ်းရှိခဲ့တယ်. သူက ဒီစည်းမျဉ်းကိုချိုးဖောက်လိုက်တာကြောင့် လူတွေက တစ်နှစ်ပတ်လုံး စိုးရိမ်ကြောင့်ကြနေရသည် လူတွေက သူ့ကို အပြစ်တင်လိုက်ကြပြီး ယဉ်ကျေးမှုမရှိတဲ့ Acreia က လူရမ်းကားလို့ ခေါ်နေကြသည်အလယ်ပိုင်းဒေသမှာရှိတဲ့တိုင်းပြည်တွေက သူ့ကို ရယ်မောနေကြသည်. သူတို့တွေရဲ့ အဓိက ဝင်ငွေက စိုက်ပျိုးရေးက ဖြစ်ပြီး Acreia မှာတော့ အမျိုးသားအများစုက အမဲလိုက်မုဆိုးတွေဖြစ်ကြသည်
ဒီတိုင်းပြည်တွေက လာမဲ့စစ်ပွဲတွေအတွက် ကောင်းစွာပြင်ဆင်ထားကြသည်. သူတို့စစ်တပ်နဲ့ စီးပွားရေးအခြေအနေတွေက တည်ငြိမ်တဲ့ အနေအထားမှာ ရှိသည်. သူတို့က Lucius ကို မကြောက်ကြပေ
YOU ARE READING
Emperor and the Knightness (Unicode) Book - 1
RomanceRead Complete Novel in English at https://wuxiaworld.site/novel/the-emperor-and-the-knightess/ and ongoing Manga at https://zinmanga.com/manga/emperor-and-the-female-knight-the-king-and-his-knight/