အခန်း ၇၇

348 61 13
                                    

Sir Donau နဲ့ Howe တို့ဆီကနေ ထွက်လာပြီးချိန်မှာတော့ သူမရဲ့ အားလပ်ချိန်ဖြစ်နေပေမဲ့ Poliana က Lucius ဆီသွားလိုက်သည်. ဧကရာဇ်အခန်းရှေ့မှာ စောင့်နေကြတဲ့ ကိုယ်ရံတော်တွေက သူမကို နှုတ်ဆက်လိုက်ကြသည် အိပ်ခန်းထဲမှာ ဧည့်သည်ရှိနေတာကို သတိပြုမိလိုက်တော့ Poliana က သူမမျက်ခုံးတွေကို ပင့်လိုက်သည်. ကိုယ်ရံတော်တွေက သင်္ကေတသုံးကာ သူမကို အသိပေးလိုက်သည်

'အမျိုးသမီးတစ်ယောက်, အန္တရာယ်မရှိ'

Poliana က ခေါင်းငြိမ့်လိုက်သည်. လက်အောက်ခံနယ်မြေတွေက အုပ်ချုပ်သူအသစ်ဆီကို အမျိုးသမီးတွေ ကမ်းလှမ်းတာက ဖြစ်နေကြဖြစ်သည်. Lucius က သူကိုယ်တိုင် အမျိုးသမီးတွေကို ဘယ်တော့မှ မရှာဖွေပေမဲ့ သူတို့သဘောထားတွေ ကိုက်ညီရင်တော့ ကမ်းလှမ်းလာတဲ့အမျိုးသမီးတွေကို ဘယ်တော့မှ ငြင်းဆန်လေ့မရှိပေ


သူက ဧကရာဇ်ဖြစ်တာကြောင့် သာမာန်အမျိုးသမီးတစ်ယောက်ဖြစ်လို့မရသလို အရမ်းအဆင့်မြင့်တဲ့ အထက်တန်းလွှာက အမျိုးသမီးလဲ ဖြစ်လို့မရပေ. သူ့ကို ကမ်းလှမ်းလာတဲ့ အမျိုးသမီးတိုင်းက လှပချောမောကြသည်. Lucius က ပြင်ပအသွင်အပြင်နဲ့ပတ်သက်ပြီး ချေးမများပေမဲ့ လက်အောက်ခံတွေကတော့ သူတို့ ရုပ်ဆိုးတဲ့ အမျိုးသမီးတစ်ယောက်ကို ပို့လိုက်ရင် သူစိတ်ဆိုးသွားမှာကို စိုးရိမ်နေကြသည်

အမျိုးသမီးတွေကို နှစ်ပိုင်းခွဲခြားလို့ရသည်. ကြောက်ရွံ့ဖြူစင်တဲ့သူနဲ့ ရည်မှန်းချက်ကြီးတဲ့သူ. တစ်ချို့အမျိုးသမီးတွေက ကြောက်ရွံနေချိန်မှာ တစ်ချို့ကတော့ သူ့ရဲ့ ဧကရီဖြစ်လာဖို့ စိတ်ကူးယဉ်နေကြသည်. Lucius ကတော့ သူတို့ကိုကြောက်အောင်လုပ်ဖို့ရော ပျော်အောင်လုပ်ဖို့ရော အချိန်မရှိပေ. သူတို့ သူ့အိပ်ခန်းထဲရောက်တာနဲ့ သူက ခပ်ပြတ်ပြတ်ပဲပြောလေ့ရှိသည်. တကယ်လို့ သူတို့ကြောက်နေရင် သူတို့အချိန်မရွေးထွက်သွားနိုင်တယ်. ပြီးတော့ သူတို့နေခဲ့ရင်တောင် သူ့အနေနဲ့ Acreia ကို အမျိုးသမီးတွေကို ပြန်ခေါ်သွားမှာ မဟုတ်ပေ.

အုပ်ချုပ်သူနဲ့ တစ်ညလောက်အချိန်ဖြုန်းတာက ဖြူစင်နေဆဲဖြစ်ကာ ထိတွေ့မှုမရှိသေးဘူးလို့ ယူဆလို့ရတာကြောင့် နောက်ပိုင်းမှာ လက်ထပ်ခွင့်အတွက် ပြဿနာမရှိပေ.

Emperor and the Knightness (Unicode) Book - 1Where stories live. Discover now