Frau က အလန့်တကြားထခုန်မိသွားသည်.
"ဗျာ.. ဗျာ? ကျွန်တော် သောက်လို့မရဘူး. ကျွန်တော်က အမျိုးသမီးတစ်ယောက်နဲ့ နှစ်ယောက်တည်း မသောက်နိုင်ဘူး!"
ဒါကလဲ တုန့်ပြန်မှု အသစ်တစ်မျိုးဖြစ်နေသည်.
"ဪ!"
'ဘယ်ကောင်ကမှ ငါ့ကို ဒီလိုမပြောဖူးဘူး'
Poliana အရက်သောက်ဖို့ ခေါ်တိုင်း သူတို့မေးတတ်တာက "ခင်ဗျားတိုက်မှာလား Marquess?" အမျိုးသားအများစုက သူမဆီကနေ အရက်အလကားသောက်ချင်နေကြတာဖြစ်သည်. ဒီလိုဖိတ်ခေါ်မှုကြောင့် မျက်နှာရဲသွားကာ အလန့်တကြားငြင်းဆန်လာတဲ့ ပထမဆုံးသူက Frau ဖြစ်သည်.
'အမ်.'
Poliana က စိတ်နည်းနည်းပျက်သွားမိသည်. တကယ်လို့ အခုအချိန်မှာ သူမအိမ်ပြန်သွားရင် သူမကို စောင့်မျှော်နေမဲ့သူမရှိတာကြောင့် သူမတစ်ယောက်တည်းဖြစ်နေမှာဖြစ်သည်. ဧကရာဇ်ချီးမြှင့်ပေးထားတဲ့ ငွေကြေးနဲ့ အာဏာတွေကြောင့် သူမက အိမ်တော်ကြီးတစ်ခုဝယ်လိုက်နိုင်သည်. အိမ်ထဲမှာ တန်ဖိုးကြီးဇိမ်ခံပစ္စည်းတွေနဲ့ ပြည့်နှက်နေပေမဲ့ သူမမှာ မိသားစုမရှိတာကြောင့် အိမ်ကြီးက ဟာလာဟင်းလင်းဖြစ်နေသလို ခံစားနေရသည်.
ရှည်လျားတဲ့နေ့ရက်တစ်ခုကို ဖြတ်သန်းပြီးတော့ သူမ အိမ်ပြန်တဲ့အချိန်မှာ သူမကို ကြိုဆိုနှုတ်ဆက်မဲ့သူ မရှိပေ.
တကယ်လို့ ရဲတိုက်ကို ပြန်သွားရင်လဲ သူမရဲ့ ကိုယ်ရံတော်တွေက စိတ်ပျက်သွားမှာဖြစ်သည်. ဘယ်သူက သူတို့ခေါင်းဆောင်ကို အနားမှာ ရှိနေစေချင်မှာလဲ? သူမ အိမ်ကို မပြန်တဲ့အတွက် သူတို့က စိတ်ရှုပ်သွားမှာ ဖြစ်သည်. Poliana က စိတ်ပျက်သွားသည်.
'ငါ အရက်သောက်ဖို့ လိုတယ်. ငါ အခုအိမ်မပြန်ချင်ဘူး'
ပျင်းရိနေတဲ့ပုံစံဖြစ်နေတဲ့ Frau ကို ကြည့်လိုက်သည်. သူ့ပုခုံးတွေက အားလျော့နေတဲ့ပုံဖြစ်ကာ ခါးအနည်းငယ်ကိုင်းနေပြီး ကြင်နာနူးညံ့တဲ့ မျက်နှာထား... အရာအားလုံးက သူမကို စိတ်အနှောင့်အယှက်ပေးနေသည်.
သူမက သူ့ကို အမိန့်ပေးလိုက်သည်.
"ခေါင်းမော့စမ်း"
YOU ARE READING
Emperor and the Knightness (Unicode) Book - 1
RomanceRead Complete Novel in English at https://wuxiaworld.site/novel/the-emperor-and-the-knightess/ and ongoing Manga at https://zinmanga.com/manga/emperor-and-the-female-knight-the-king-and-his-knight/