အခန်း ၁၇၈

222 29 1
                                    

Poliana ဧကရာဇ်ဆီကို သွားလိုက်တော့ Master Chail က သူ့အခန်းထဲမဝင်ခင်မှာ သူမကို အနားတိုးလာဖို့ အချက်ပြလိုက်သည်. Poliana က သူ့ဆီလျှောက်သွားတော့ Chail က သူမနားနားကပ်ကာ အစောပိုင်းက ဖြစ်ပျက်ခဲ့တာကို တီးတိုးပြောလိုက်သည်.

"ဒီနေ့မနက်က အရှင်လဲကျတော့မလို့"

ဒီနေ့မနက်ကလဲ ခါတိုင်းနေ့ရက်တွေလိုပဲ. Lucius က မနက်စောစောထကာ မနက်စာမစားခင်မှာ လေ့ကျင့်ခန်းလုပ်ခဲ့သည်. ပြီးတော့ ခါတိုင်းလိုပဲ အလုပ်လုပ်ဖို့ စတင်လိုက်သည်. အဲ့နောက် ရုတ်တရက် သူ့လည်ပင်းနောက်ကို ဖိကာ နာကျင်ဟန်ဖြင့် ညည်းညူလိုက်သည်. ဒီလိုမျိုးက တစ်ခါမှ မဖြစ်ဖူးတာကြောင့် သူက နှလုံးထိခိုက်သွားတာလို့ Master Chail က ထင်သွားခဲ့သည်.

Poliana ရဲ့မျက်လုံးတွေက ပြူးကျယ်လာပြီး

"အရှင် နေမကောင်းဖြစ်နေတာလား?"

Lady Rebecca က သူမရဲ့ သွေးတိုးကြောင့် လဲကျသွားပြီး အခု ဧကရာဇ်ကလဲ လဲကျတော့မလို့လား? ဒီလိုဖြစ်လို့မရဘူး. Poliana က ဧကရာဇ်ရဲ့အခန်းထဲကို ပြေးဝင်သွားမလို့ လုပ်လိုက်ပေမဲ့ သူမကိုယ်သူမ စိတ်တည်ငြိမ်အောင် အသက်ပြင်းပြင်းရှူလိုက်သည်. Master Chail ဆီကနေ သတင်းတွေပိုရဖို့လိုကြောင်း ဆုံးဖြတ်လိုက်သည်.

Master Chail က ပြန်ဖြေလာသည်.

"အရှင်က နေမကောင်းဖြစ်တာမဟုတ်ပါဘူး Marquess Winter. အရှင်က စိတ်ဖိစီးမှုများသွားလို့ ဖြစ်သွားတာထင်တယ်. သူလုပ်နေတဲ့အလုပ်တွေက သူထင်ထားသလောက် အဆင်မပြေဘူးလားပဲ. အရှင်က သူ့စိတ်ဖိစီးမှုတွေလျော့အောင်လို့ မင်းကို ခေါ်လိုက်တာဖြစ်ရမယ်. ဒါကြောင့် မင်း အကောင်းဆုံးကြိုးစားပါ"

"Sir Ainno ကျရော? အို့ သူအရမ်းအလုပ်များနေမယ်ထင်တယ်?.. အမ်.. အဲ့တာမဟုတ်သေးဘူး.. ကောင်းပြီ"

Poliana က ယုံကြည်ချက်အပြည်နဲ့ ခေါင်းငြိမ့်ပြလိုက်တော့ Master Chail ကလဲ သူမကို ယုံကြည်တယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ပြန်ပြီးတော့ ခေါင်းငြိမ့်ပြလိုက်သည်. ပုံမှန်အားဖြင့်တော့ ဒီလိုအခြေအနေမျိုးမှာဆိုရင် Sir Ainno ကိုပဲ ခေါ်တတ်တာဖြစ်သည်. ဒါပေမဲ့ Nanaba ကို သွားမဲ့ခရီးစဉ်အတွက် အသင့်ပြင်ဆင်နေရတဲ့ ပထမတပ်ဖွဲ့ရဲ့ခေါင်းဆောင် Sir Ainno က အခုအချိန်မှာ အရမ်းအလုပ်များနေခဲ့သည်. သူ့တပ်ဖွဲ့က ခရီးစဉ်မှာပါဝင်မဲ့ လူတိုင်းရဲ့လုံခြုံရေးအတွက် တာဝန်ရှိတာကြောင့် Sir Ainno က ဧကရာဇ်နဲ့အတူ ထမင်းစားကာ အနားယူဖို့ အချိန်မရှိပေ. ဒါကြောင့်ပဲ Lucius က Poliana ကို ခေါ်ကာ သူနဲ့အတူ အချိန်ဖြုန်းစေချင်တာဖြစ်မည်.

Emperor and the Knightness (Unicode) Book - 1Where stories live. Discover now