အခန်း ၁၃၀

311 32 0
                                    

"ရှင်နိုးပြီလား Sir Donau!"

"ကျွန်မတို့ စိတ်ပူနေတာ Sir Donau!"

"Sir Howe! ဒီမှာ ရှင့်ညီ နိုးလာပြီ! လာဦး!"

Donau က အမွှာတွေကို အံ့ဩစွာနဲ့ ကြည့်လိုက်ကာ ရေရွတ်လိုက်သည်.

"ဒီကို ဘယ်လိုလုပ်ရောက်လာကြတာလဲ...?"

သူ့လက်တွေကို Vaxi နဲ့ Vanessa တို့က ကိုင်ထားတာကို Donau ခံစားလို့ရနေသည်. ဒါက သေချာပေါက် အိပ်မက်တစ်ခုမဟုတ်ပေ. သူ့အစ်ကို ရောက်လာတာကိုလဲ သူမြင်လိုက်ရသည်.

Sir Howe က သူ့ညီကို ထိုးပစ်လိုက်ချင်ပေမဲ့ သူ့အရှေ့မှာ အရေးကြီးအမျိုးသမီးနှစ်ယောက်ရှိနေသည်. သူက သူ့ကိုယ်သူထိန်းချုပ်လိုက်ကာ စိတ်ပူနေတဲ့အသံနဲ့ Donau ကို မေးလိုက်သည်.

"မင်းအဆင်ပြေရဲ့လား ညီလေး?"

သူ့အစ်ကိုရဲ့ ဟန်ဆောင်နေတဲ့အမူအရာတွေကြောင့် Donau က အန်ချင်စိတ်တောင်ပေါက်သွားသည်. အမွှာတွေကတော့ ဘာကိုမှ သတိမပြုမိပေ. သူတို့က စိတ်ပူစွာနဲ့ ပြောလိုက်သည်.

"ကျွန်မတို့ သမားတော်ခေါ်ဖို့ လိုမယ်"

"ရှင့်ကြည့်ရတာ အဆင်မပြေဘူး Sir Donau!"

Sir Howe က ပြောလိုက်သည်.

"ငါ အခုချက်ချင်း သမားတော်သွားခေါ်လိုက်မယ် my ladies!"

သူက မိန်းကလေးတွေရှေ့မှာ အမြင်ကောင်းရအောင် ကြိုးစားနေတာ အသိသာကြီးဖြစ်သည်. ဒီအမျိုးသမီးတွေက သူ့အစ်ကိုကို လွှမ်းမိုးနိုင်တာတွေ့လိုက်ရတော့ Donau က အထင်ကြီးသွားသည်. သူတို့က ညီအစ်ကိုတွေဖြစ်တာကြောင့် Sir Howe နဲ့ Donau က ဆင်တူပေမဲ့ သူတို့ရဲ့ ကိုယ်‌ရည်ကိုယ်သွေး တွေကတော့ မတူကြပေ. Sir Howe က မထင်ရလောက်အောင် ဉာဏ်များပြီး ပျင်းရိတဲ့လူတစ်ယောက် ဖြစ်သည်. သူက သူမလုပ်ချင်တဲ့အရာတွေကို ကောင်းစွာသိနားလည်ပေမဲ့ ဒီအမျိုးသမီးတွေရှေ့မှာတော့ သူက အလုပ်ကြိုးစားဟန်ပေါက်နေသည်.

သူ့အစ်ကိုရဲ့ ဉာဏ်များမှုကြောင့် Donau က အမြဲတမ်းစိတ်ရှုပ်နေတာဖြစ်ပြီး သူက Sir Howe ရဲ့ ဓါးရေးကျွမ်းကျင်မှုကိုလဲ အားကျနေသည်. Sir Howe က သူ့ကို ဘယ်လောက်ပဲ အနိုင်ကျင့်ကျင့် သူက သူ့ကို အထောက်အပံ့အပေးဆုံးလူတစ်ယောက်ဖြစ်နေပြီး သူ့အစ်ကိုကို မုန်းတီးလို့ မရတာကြောင့် Donau က စိတ်ရှုပ်နေသည်.

Emperor and the Knightness (Unicode) Book - 1Where stories live. Discover now