Poliana ကိုင်ထားတဲ့ ခက်ရင်းက ပြုတ်ကျသွားသည်. သူမ မျက်လုံးတွေက ပြူးကျယ်လာတော့ Frau က ကယောင်ကတမ်းပြောထွက်သွားမိသည်.
"ကျွန်တော် ခင်ဗျားရဲ့ပိုက်ဆံကို လိုချင်လို့ ခင်ဗျားကို လက်ထပ်ခွင့်တောင်းဖို့စီစဉ်နေတာ"
သူ့အသံက ကျယ်လာပြီး သူ့ရဲ့ နောက်ဆုံးစကားကို အော်ပြောမိသလိုဖြစ်သွားသည်. စားသောက်ဆိုင်ထဲက လူတွေအားလုံးက သူတို့ကို လှည့်လာလာကြပြီး ကျေးဇူးတင်ဖို့ကောင်းတာက သူက "Marquess"ဆိုတဲ့ စကားလုံးကို အော်မပြောမိတာပဲဖြစ်သည်. လူတွေက သူမရဲ့ရာထူးကို ကြားမိသွားပုံမရပေ. ပြီးတော့ Poliana က ဒီကိုမလာခင်မှာ သူမရဲ့ဝတ်စုံလဲခဲ့တာကို ဝမ်းသာမိသွားသည်. တကယ်လို့ သူမရဲ့ ဝတ်စုံအပြာရောင်ဝတ်ထားခဲ့မိရင်... ဒီဖြစ်ရပ်နဲ့ ပတ်သက်တဲ့ ကောလဟာလက ပြောလို့ကောင်းတဲ့ အကြောင်းအရာတစ်ခုဖြစ်လာမှာ ဖြစ်သည်.
Lady Rebecca က မှားကောင်းမှားသွားနိုင်သည်. Frau Sneke က အရမ်းလောဘကြီးတဲ့သူ တစ်ယောက်ဖြစ်တယ်ဆိုတာကို Poliana သတိပြုမိလိုက်သည်.
စစ်ပွဲအတွင်းမှာ Lucius ရဲ့ ဗျူဟာမှူးအဖြစ် Poliana က အလုပ်လုပ်ခဲ့တာဖြစ်သည်. ဧကရာဇ်ဆီမှာ နည်းဗျူဟာတပ်ခွဲသီးသန့်မရှိတာကြောင့် Poliana ရဲ့ တရားဝင်ရာထူးက ဧကရာဇ်ရဲ့ ကိုယ်ရံတော်ဖြစ်ပေမဲ့ နည်းဗျူဟာတပ်ခွဲသာရှိခဲ့ရင် သူမက အဲ့တပ်ခွဲကို ဦးဆောင်ရမယ်ဆိုတာကို သံသယဖြစ်စရာမလိုပေ. သူမရဲ့ တိုက်ပွဲနည်းဗျူဟာကျွမ်းကျင်မှုနဲ့ မြေအနေအထားကျွမ်းကျင်မှုတွေကြောင့် သူမကို "စစ်ပွဲရဲ့ စုန်းမ"လို့ခေါ်ခဲ့ကြတာဖြစ်သည်. တကယ်လို့ သူမကို မြေပုံတစ်ခုပေးလိုက်ပြီးတော့ ရင်းနှီးကျွမ်းဝင်မှု မရှိတဲ့ နေရာဒေသတစ်ခုကို သွားခိုင်းခဲ့ရင် သူမက ဘာပြဿနာမှမဖြစ်ပဲ အောာင်မြင်စွာ သွားရောက်နိုင်မယ် ဆိုတာကို သံသယဖြစ်စရာမရှိပေ.
နည်းဗျူဟာမှူးအများစုက စိတ်အာရုံခံစားချက်တွေနဲ့ ပတ်သက်ပြီး အယူသီးတတ်ကြသည်. ခိုင်လုံတဲ့ သတင်းအချက်အလက်မရှိပဲ စစ်တိုက်ဖို့ ဖိအားပေးတတ်တာမျိုးကို Poliana က သဘောမကျပေ. သူမက ရန်သူရဲ့ အခြေအနေနဲ့ နယ်မြေအနေအထားကို မသိပဲ တိုက်ပွဲဝင်ရမှာကို မုန်းတီးသည်. သတင်း အချက်အလက်တွေက အောင်ပွဲတစ်ခုရဲ့ အခြေခံလိုအပ်ချက်ဖြစ်တယ်လို့ သူမ ယုံကြည်ထားသည်.
YOU ARE READING
Emperor and the Knightness (Unicode) Book - 1
RomanceRead Complete Novel in English at https://wuxiaworld.site/novel/the-emperor-and-the-knightess/ and ongoing Manga at https://zinmanga.com/manga/emperor-and-the-female-knight-the-king-and-his-knight/