စစ်ရေးပြအခမ်းအနားအတွက် သန့်ရှင်းတောက်ပြောင်နေတဲ့ ဝတ်စုံအသစ်ကို ဝတ်လိုက်သည်. သူမဆံပင်တွေ စေးကပ်နေတာကို သဘောမကျပေမဲ့ ဒီနေ့တော့ သူမဆံပင်တွေကို ဆီနည်းနည်းလူးကာ သပ်ရပ်အောင်လုပ်လိုက်သည်. သူမဝတ်စုံက တွန့်ရာတစ်ခုမှရှိမနေပေ. သူမရဲ့ဖိနပ်တွေကိုလဲ အဝတ်ခြောက်နဲ့ တောက်ပြောင်နေအောင် သုတ်ထားသည်. သူမဝတ်နေကျ သားရေလက်အိတ်အစား အခမ်းအနားတွေမှာ ဝတ်ရတဲ့ လက်အိတ်အဖြူကို ဝတ်ဆင်ထားသည်.
သူမရဲ့ ဓါးနဲ့ ဓါးမြှောင်တွေကို ချိတ်ဆွဲပြီးချိန်မှာတော့ သူမက မှန်ထဲကို ကြည့်လိုက်ပြီး ကျေနပ်သွားသည်
'ကောင်းတယ်'
သူမက မလှဘူး. အမှန်ပြောရရင် သူမက ရုပ်ဆိုးတယ်. ဒါပေမဲ့ သူမကို ကြည့်ရတာက ယုံကြည်စိတ်ချရပြီး အားကိုးရတဲ့ပုံပေါ်သည်. သူမက ဓါးရေးကျွမ်းကျင်တဲ့သူမဟုတ်ပေမဲ့ ကျွမ်းကျင်တဲ့ တိုက်ခိုက်ရေးသမား ပုံစံပေါက်နေသည်. သူမက အရည်အချင်းရှိပြီးတော့ အန္တရာယ်ရှိတဲ့ပုံပေါ်သည်.
သူမအစောင့်တွေကို စုလိုက်ကာ သူတို့ကို သေချာစစ်လိုက်သည်. လူငယ်တွေအားလုံးက ကြည့်ကောင်းနေကြသည်. သူတို့ဆံပင်တွေကို သေသပ်စွာဖီးလိမ်းထားပြီး သူတို့ဝတ်စုံတွေ ဖိနပ်တွေကလဲ တောက်ပြောင်နေကြသည်.
သူတို့ကြည့်ရတာ စိတ်လှုပ်ရှားနေပုံရတာကြောင့် Poliana က သူတို့ကို သတိပေးလိုက်သည်.
"မင်းတို့ သတိလက်လွတ်ဖြစ်လို့မရဘူး. အရှင်က Duke Luzo ကို ယုံကြည်ပေမဲ့ ငါတို့ ယုံလို့မရဘူး. ငါတို့က အမြဲတမ်း သတိအပြည့်ရှိနေရမယ်!"
Duke Luzo ဒါမှမဟုတ် အကြီးအကဲတွေက လုပ်ကြံသူတွေလွတ်ထားနိုင်လားဆိုတာက မသိနိုင်ပေမဲ့ သူ့ကို အမြဲတမ်းကာကွယ်ဖို့က သူမတာဝန်ဖြစ်သည်.
****
စစ်ရေးပြအခမ်းအနားနေ့
Lucius က Nanaba ပြည်သူတွေကို တောက်ပစွာနဲ့ ပြုံးပြနေသည်. ဒီနေ့အခမ်းအနားကို မှတ်တမ်းတင်နေတဲ့ တော်ဝင်အနုပညာရှင်တွေကတော့ အခက်တွေ့နေကြသည်. ဒီလိုမြင်ကွင်းကို သူတို့ ဘယ်လိုမှတ်တမ်းတင်ကြမလဲ?
YOU ARE READING
Emperor and the Knightness (Unicode) Book - 1
RomanceRead Complete Novel in English at https://wuxiaworld.site/novel/the-emperor-and-the-knightess/ and ongoing Manga at https://zinmanga.com/manga/emperor-and-the-female-knight-the-king-and-his-knight/