အခန်း ၆၈

363 66 3
                                    

Poliana က ဟင်းမချက်တတ်တာမဟုတ်ပါဘူး. အဲ့တုန်းက သူမကောင်းအောင်ချက်နိင်မှာဖြစ်ပေမဲ့ သူမက ပိုကောင်းအောင်ချက်ချင်စိတ်နဲ့ စိတ်ဖိစီးမှုများးသွားတာဖြစ်သည် နောက်တော့ သူမက ပါဝင်ပစ္စည်းတွေ ပိုထည့်မိကာ ဟင်းက ပျက်စီးသွားရသည်

ဒီမတော်တဆဖြစ်ရပ်က Acreian စစ်တပ်တစ်ခုလုံးအတွက် နာကျင်စရာကောင်းတဲ့ သင်ခန်းစာ ဖြစ်သွားခဲ့ပြီးတဲ့နောက် Poliana ကို ဘယ်တော့မှ ဟင်းမချက်ခိုင်းတော့ချေ. ခွေးတောင်မှ သူမဟင်းကို မစားခဲ့ပေ. Poliana က ဟင်းတွေအကုန်လုံးကို သူမတစ်ယောက်တည်းကုန်အောင်စားလိုက်ရသည်.

ဒီကိစ္စကြောင့် Poliana က အသက်ငယ်ငယ်လေးတည်းကနေ ဟင်းချက်ဖို့, သန့်ရှင်းရေးလုပ်ဖို့နဲ့ ချုပ်လုပ်ဖို့ သင်ခဲ့ကြတဲ့ တခြားအမျိုးသမီးတွေနဲ့ မတူဘူးဆိုတာ သိသာသွားစေခဲ့သည်  Lucius က သူမပြောတာကို တိတ်ဆိတ်စွာနဲ့ နားထောင်နေပြီး သူမက သူ့အတွက် သားရေလက်အိတ်ချုပ်ပေးနေတာကို ကြည့်နေလိုက်သည် သူက ပျင်းနေပြီး တခြားဘာမှ လုပ်စရာလဲမရှိပေ

တခြားတိရစ္ဆာန်တွေနဲ့ သားရေနဲ့မတူပဲ မိချောင်းသားရေက ပိုမာကျောကာ ချုပ်ရပိုခက်လေသည်. ဒီသားရေမှာ အပေါက်ဖြစ်ဖို့ Poliana က တော်တော်လေးကြိုးစားနေရပြီး သူမက သတ္တုအပ် သုံးပြီးချုပ်တာတောင် တော်တော်လေး အခက်တွေ့နေသည်

'ဒရယ်သားရေသာဆိုရင် ပိုကောင်းမှာကို'

ဒရယ်သားရေက နူးညံ့တာကြောင့် ချစ်စရာကောင်းတဲ့ လက်အိတ်ရလာမှာ သေချာသည်. ဒီဒရယ်ပေါက်ကို ဒီ့ထက်မကြီးလာခင် သတ်ပစ်သင့်တယ်လို့ Poliana က ယုံကြည်နေသည်. သားရေက ပိုပျော့ပြီးတော့ ဒီအချိန်မှာ အသားကလဲ ပိုပြီးနူးညံ့နေမှာ သေချာသည်. ဒီအခြေအနေက သူမကို စိတ်ပျက်စေသည်.

Poliana က ဧကရာဇ်ကို ကြည့်ကာ မေးလိုက်သည်.

"Sir Rabi က ဒရယ်ပေါက်လေးတစ်ကောင်ကို ဖမ်းမိထားတယ်. အရှင် တွေ့ပြီးသွားပြီလား?"

"ဟမ်? အို့ ဟုတ်တယ် ငါတွေ့ပြီးပြီ. အဲ့ကောင်လေးက တုန်လှုပ်နေတာ. ပြီးတော့..."

"အဲ့တာက ကြည့်ရတာ အရသာရှိတယ်မလား?"


"ဒါပေါ့. အဲ့တာက အရသာရှိမဲ့ပုံပဲ"

Emperor and the Knightness (Unicode) Book - 1Where stories live. Discover now