အခန်း ၁၂၅

297 37 0
                                    

သူမက အရေးမပါမှန်း Poliana က သိနေသည်. ကြောက်လန့်အောင်လုပ်တာနဲ့ ဖိအားပေးတာက လူတွေကို ဦးဆောင်ဖို့ မလုံလောက်ကြောင်း Lucius က သူမကို အရင်တုန်းက သင်ပေးခဲ့ဖူးသည်. လက်ရှိပြဿနာတွေကို အမြန်ဆုံးဖြေရှင်းဖို့လိုနေပြီး သူမ တခြားရွေးစရာမရှိပေ. သူမက အချိန်တိုအတွင်းမှာ လုပ်စရာတွေ အများကြီးရှိနေသည်.

ကိုယ်ရံတော်တွေက ကြောက်လန့်တကြား ပြန်ဖြေလာကြသည်.

"ကျွန်တော်တို့ ထပ်မလုပ်တော့ပါဘူး!"

"မင်းတို့ ဒီလိုပြောရုံနဲ့ လုံလောက်တယ်လို့ ထင်နေတာလား?!"

"ကျွန်တော်တို့ကို နောက်ထပ်အခွင့်အရေးတစ်ခုလောက် ထပ်ပေးပါ! ကျွန်တော်တို့ အကောင်းဆုံးကြိုးစားပါ့မယ်!"

"မင်းတို့အကောင်းဆုံးကြိုးစားတာတောင်မှ မလုံလောက်သေးဘူး. ဘာပဲဖြစ်ဖြစ် မင်းတို့ကို တစ်ခါထပ်ပြီး အခွင့်အရေးပေးမယ်. နောက်ထပ် ပြဿနာထပ်ဖြစ်လာရင် အဲ့တာက မင်းတို့အားလုံးအတွက် အဆုံးသတ်ပဲ နားလည်ကြလား?"

"ဟုတ်ကဲ့ပါ Ma'am!"

သူမ ကိုယ်ပိုင်လူတွေနဲ့ Sir Jainno ရဲ့လူတွေက စိတ်ပါလက်ပါနဲ့ ပြန်ဖြေလာကြသည်. Sir Wook က သူမကို တောင်းပန်ဟန်နဲ့ ဦးညွှတ်လာသည်. Sir Wook က သူမအပေါ်သစ္စာရှိတဲ့ စစ်သည်တစ်ယောက် ဖြစ်ပေမဲ့ အားလုံးနဲ့အတူ သူမကို တောင်းပန်ဖို့ ဖိအားပေးမိနေသလို ဖြစ်နေတာကြောင့် Poliana က အပြစ်ရှိသလို ခံစားနေရသည်. သူမအပြုအမူနဲ့ပတ်သက်ပြီးတော့ လူတိုင်းက စိတ်ပျက်ပုံမရတာကြောင့် သူမက စိတ်သက်သာရာရသွားသည်.

သူမလှည့်ထွက်လာတဲ့အချိန်မှာတော့ Sir Wook နဲ့ Sir Jainno တို့က ကိုယ်ရံတော်တွေရဲ့ အမှားတွေနဲ့ ပတ်သက်ပြီး ဆူပူနေတာကို ကြားလိုက်သည်.

'သေစမ်း...'


Poliana က ဒီအခြေအနေကြောင့် စိတ်ရှုပ်လာသည်. သူမလူတွေကို ထားခဲ့ကာ နီးစပ်ရာဥယျာဉ်တစ်ခုထဲ သွားလိုက်သည်. သူမက သစ်ပင်တစ်ပင်ကို စတင်နှိပ်စက်တော့သည်. ညာခြေထောက်, ဘယ်ခြေထောက်, ညာလက်သီး နဲ့ ဘယ်လက်သီး.... တကယ်လို့ ဥယျာဉ်မှူးတွေက သူမကိုသာတွေ့လိုက်ရင်တော့ သူတို့အပင်တွေ အနှိပ်စက်ခံနေရတာကို မြင်ကာ ငိုသွားနိုင်သည်.

Emperor and the Knightness (Unicode) Book - 1Where stories live. Discover now