အခန်း ၁၃၇

274 34 0
                                    

"အင်း.... ဧကရီ..."

Lucius ရဲ့ မျက်နှာက မဲလာကာ သူက ဒီကိစ္စနဲ့ ပတ်သက်ပြီး မပျော်ရွှင်တာ အသိသာကြီးဖြစ်နေသည်. Sir Ainno က သူ့ပါးစပ်ကို ဖုံးလိုက်ကာ မရယ်မိအောင် ကြိုးစားနေသည်. Sir Bentier က Sir Ainno ရဲ့ အမူအရာတွေ့လိုက်တော့ စိတ်ပူသွားကာ သူက ဧကရာဇ်ကို မေးလိုက်သည်.

"အရှင် Sir Ainno က ဘာဖြစ်နေတာလဲ?"

"Inno က သိပ်မရင့်ကျက်သေးတာ ကြည့်ရတာ သူ့စိတ်တွေလဲ လွတ်နေတဲ့ပုံပဲ"

"Sir Ainno က အခုတလော ထူးဆန်းနေတယ်လို့ Sir Poliana က ကျွန်တော့်ကိုပြောဖူးသေးတယ်. ကြည့်ရတာ သူမပြောတာ မှန်တဲ့ပုံပဲ"

"အင်း.. Inno က Sir Pol ရှိရင် ပိုပြီးတော့ ထူးထူးဆန်းဆန်းလုပ်တတ်တာတော့ ငါသိတယ်. ဘာပဲဖြစ်ဖြစ်ပါ ဧကရီနဲ့ ပတ်သက်ပြီးတော့က.."

Lucius က သူ့နဖူးကို ပွတ်လိုက်သည်. အလုပ်တွေများပြီး အိပ်ရေးပျက်ခြင်းရဲ့ ရလဒ်တွေကို သူမြင်နေရပြီ. သူ့နဖူးမှာ အရေးအကြောင်းတွေ သိသိသာသာပေါ်လာတာက စိတ်ပူစရာဖြစ်နေပြီ.


ဧကရာဇ်က ဆက်ပြောလိုက်သည်.

"ဘယ်သူက ဧကရီဖြစ်ရမယ်ဆိုပြီး ဆုံးဖြတ်လိုက်ရင် ပြဿနာတွေရှိလာနိုင်တယ်. ငါ့အတွက် အမွေဆက်ခံသူ မွေးပေးနိုင်တဲ့သူကိုပဲ ဧကရီအဖြစ်ထားရအောင်"

"ဒါက အမျိုးသမီးတွေကြားမှာ မလိုလားအပ်တဲ့ ပူးပေါင်းကြံစည်မှုတွေနဲ့ မနာလိုမုန်းတီးမှုတွေ ဖြစ်လာနိုင်တယ် အရှင်"

"မိန်းမ ၃ ယောက်ပဲဟာ သူတို့အချင်းချင်းဘယ်လောက်ထိခိုက်အောင် လုပ်နိုင်မှာ မို့လို့လဲ? အဲ့တာ အဆင်ပြေမှာပါ"

Sir Bentier က ခေါင်းငြိမ့်ကာ သဘောတူလိုက်သည်. သူတို့ဆွေးနွေးတာပြီးသွားတော့ Sir Bentier က အမျိုးသမီး ၃ ယောက်ရဲ့ ပုံတူတွေကို ထားခဲ့ကာ အခန်းထဲကနေ ထွက်သွားခဲ့သည်. Sir Ainno ကတော့ ထွက်မသွားခဲ့ပေ. သူက ပြတင်းပေါက်ရှေ့မှာ မတ်တပ်ရပ်နေပြီး ရဲတိုက်အပြင်ဘက်မှာ ကိုယ်ရံတော်တွေ ကင်းလှည့်နေတာကို ကြည့်နေလိုက်သည်. အိပ်မပျော်သေးတဲ့ Lucius ကတော့ သူ့စားပွဲခုံမှာ အလုပ်ဆက်လုပ်နေသည်.

"အရှင်"

"ဘာလဲ Inno?"

"တကယ်လို့..."

Emperor and the Knightness (Unicode) Book - 1Where stories live. Discover now