အခန်း ၁၀၆

326 42 2
                                    

Poliana အိပ်ယာထတဲ့အချိန်က တစ်ရက်နဲ့တစ်ရက် မတူပေ. သူမ တော်ဝင်ကိုယ်ရံတော်တစ်ယောက် ဖြစ်နေတုန်းက တစ်ရက်တာရဲ့ သုံးပုံတစ်ပုံကို ဧကရာဇ်နားမှာနေကာ အချိန်ကုန်ဆုံးခဲ့သည်. ဒါပေမဲ့ သူမကိုယ်ရံတော်ခေါင်းဆောင်ဖြစ်လာတော့ အချိန်တွေပြောင်းသွားသည်. သူမရဲ့အချိန် တော်တော်များများကို Lucius ရဲ့ ကိုယ်ရံတော်အဖြစ် ကုန်ဆုံးခဲ့သည်.


ဒါက Lucius ရဲ့အလုပ်ချိန်နဲ့ သူမအလုပ်ချိန်က အတူတူပဲလို့ ဆိုလိုတာဖြစ်သည်. ဧကရာဇ်က သူ့ကျန်းမာရေးကို အရမ်းဂရုစိုက်ပေမဲ့ သူက အလုပ်သရဲဖြစ်သည်. သူ့မှာ အရေးကြီးအလုပ်တွေ ရှိနေပြီဆိုရင် သူက အလုပ်တွေမပြီးမချင်း အလုပ်လုပ်နေတတ်သည်. ဒါကြောင့် သူအလုပ်လုပ်တဲ့ အချိန်ဆို Poliana ကလဲ သူမအလုပ်ကို လုပ်ရသည်.


ဒါပေမဲ့ ဧကရာဇ်ဘာမှမလုပ်ပဲ အေးဆေးအနားယူတဲ့အချိန်တွေလဲရှိသည်. အဲ့အချိန်ဆိုရင်တော့ Poliana ကလဲ အနားယူလို့ရသည်.

အခုတော့ သူမက အတင်းအကျပ်အနားယူခိုင်းခံနေရတာက ပြဿနာမဟုတ်ပေ. သူမအချိန်ဖြုန်းရမဲ့ နေရာက ပြဿနာဖြစ်သည်. တကယ်လို့ သူမက တည်းခိုခန်းဖြစ်ဖြစ် တခြားစစ်သည်တွေ နေတဲ့နေရာမှာဖြစ်ဖြစ် နေခွင့်ရရင် သူမက ပိုပြီး သက်တောင့်သက်သာဖြစ်နေမှာဖြစ်သည်. သူမက တရေးတမောအိပ်ကာ သူမလုပ်ချင်တာ လုပ်လို့ရသည်. ဒါပေမဲ့...

သူမက အမျိုးသမီးတွေရဲ့ နေရာမှာ ပိတ်မိနေသည်...

ဒီလောက်နေရာတွေအများကြီးမှာမှ.. ဘာလို့ မိန်းကလေးတွေရဲ့နေရာလဲ!!.....

သူမက အရမ်းအနေရခက်နေသည်. Poliana က သူမဖတ်နေတဲ့စာအုပ်ကိုချကာ အခန်းထဲကနေထွက်လိုက်သည်. သူမအတွက် ပြင်ပေးထားတဲ့ ဂါဝန်က နူးညံ့တဲ့ပိတ်စနဲ့ ချုပ်ထားတာဖြစ်ပြီးတော့ သူမက ငှက်မွှေးတွေဝတ်ထားသလိုမျိုး ခံစားနေရသည်.

သူမအတွက် အစားအသောက်တွေကလဲ အရမ်းကောင်းမွန်သည်. Poliana ကလွဲပြီး တစ်အိမ်လုံးက လူတွေက အလုပ်များနေပုံရတာကြောင့် သူမက အတတ်နိုင်ဆုံးငြိမ်ငြိမ်လေးနေနေသည်. Poliana က ဒီအထက်တန်းလွှာရဲ့အနေအထားကိုတော့ အသားကျလာစပြုလာခဲ့သည်. လူတိုင်းက သူမအပေါ်မှာ ကောင်းမွန်စွာဆက်ဆံသည်. Sir Rabi ရဲ့ဇနီး Lady Bika က ထင်မှတ်မထားလောက်အောင် စဉ်းစားတွေးခေါ်ပေးတတ်သူဖြစ်သည်.

Emperor and the Knightness (Unicode) Book - 1Where stories live. Discover now