အခန်း ၄၅

415 67 1
                                    

Poliana က ရှက်လွန်းလို့ တစ်နေရာရာမှာ သွားပုန်းချင်မိသွားတယ်. သူမဧကရာဇ်က သူမကို အံ့ဩအောင်လုပ်နိုင်တဲ့နေရာမှာ တော်တော်လေးအရည်အချင်းရှိသည်

ပြီးတော့ Lucius က သူမကိုပြောလာသည်

"Sir Poliana မင်း Sir Ainno တာဝန်ကို ယူပြီးတော့ ဒီပြိုင်ပွဲမပြီးမချင်း ငါ့ကို ကာကွယ်ပေးသင့်တယ်"

ဧကရာဇ်က သူမတခြားစစ်သည်တွေကို အားကျနေတာကို မြင်သွားတာလား? သူမက အဲ့လောက်သိသာသွားလား? သူက သူမကို သနားသွားတာလား?

ဧကရာဇ်ရဲ့ ကိုယ်ရံတော်ဖြစ်လာဖို့က ဂုဏ်ယူရမဲ့ကိစ္စတွေထဲက အကောင်းဆုံးတစ်ခုဖြစ်သည်. ကိုယ်ရံတော်စစ်သည်တစ်ယောက်က ယုံကြည်စိတ်ချရတဲ့ မိသားစုကနေဆင်းသက်လာတဲ့သူဖြစ်ရမယ်. တိုက်ခိုက်ရေးကျွမ်းကျင်ရမယ်. ရုပ်ရည်ပြေပြစ်ရမယ်. စံနမူနာထားလောက်ရမဲ့ အပြုအမူတွေရှိရမယ်. ဧကရာဇ်ရဲ့ ကိုယ်ရံတော်တပ်ဖွဲ့ခေါင်းဆောင်က လိုအပ်လာရင် ဧကရာဇ်ရဲ့အမိန့်ကိုတောင် ငြင်းဆန်ခွင့်ရှိသည်

Poliana လို တိုင်းတစ်ပါးသားတစ်ယောက်က ယာယီအနေနဲ့တောင် ဒီနေရာနဲ့ မသင့်တော်ပေ

ဒါတောင် Lucius က သူမကို ဒီနေရာကို ကမ်းလှမ်းနေတယ်


'သူ.. သူနောက်နေတာလား?'

Poliana က သူ့ကို သေချာကြည့်လိုက်ပေမဲ့ သူ့မျက်နှာမှာ ဘာအပြုံးတစ်ခုမှ မမြင်ရပေ. ဧကရာဇ်ကြည့်ရတာ အလေးအနက်ဖြစ်နေတာကြောင့် သူမက သူ့ကို စိတ်မပျက်စေလိုပေ.
ဧကရာဇ်အနောက်မှာ မတ်တပ်ရပ်နေတဲ့ Sir Mahogal ကလဲ ဘာတစ်ခွန်းမှ ဝင်မပြောပေ. Poliana က သူ့ရှေ့မှာ လျင်မြန်စွာနဲ့ ဒူးထောက်ကာ ပြောလိုက်သည်

"ဒီအခွင့်အရေးအတွက် ကျွန်မ ဂုဏ်ယူမိပါတယ် အရှင်"

"ကောင်းပြီ"

ဒါပေါ့... ဒီဟာက လွယ်မှာတော့ မဟုတ်ဘူး


"ကျွန်တော် ဒီကိစ္စကို ဆန့်ကျင်တယ်. ဒါမဖြစ်နိုင်ဘူး"

တစ်ယောက်မှ သူ့ကို မမေးပေမဲ့ Sir Ainno က သိသွားချိန်မှာတော့ သူက ပြင်းထန်စွာ ကန့်ကွက်လေသည်. Poliana နဲ့ Lucius တို့က သူ့အပြုအမူကို မအံ့ဩကြပေ

Emperor and the Knightness (Unicode) Book - 1Where stories live. Discover now