အခန်း ၁၈၉

205 36 0
                                    

"ကြိုဆိုပါတယ် အရှင်. ကျွန်တော်တို့ အရှင့်ကို စောင့်နေတာ"

Duke Luzo နဲ့ သူ့ဇနီးတို့က ရဲတိုက်တံခါးဝမှာ စောင့်နေကြပြီး သူတို့က ဧကရာဇ်ကိုတွေ့လိုက်တော့ လေးစားစွာနဲ့ ဦးညွှတ်လိုက်ကြသည်. ရဲတိုက်ရဲ့ အမြင့်ဆုံးနေရာမှာတော့ ဧကရာဇ်ရောက်နေကြောင်း အသိပေးတဲ့အနေနဲ့ အလံကြီးတစ်ခုကို လွှင့်ထူထားသည်. မြောက်ဘက်နေ တိုက်ခတ်လာတဲ့ လေထုကြောင့် အလံက လေထဲမှာ ယိမ်းကနေသည်. အလယ်ပိုင်းနဲ့ တောင်ပိုင်းဒေသက ရဲတိုက်တွေလိုမဟုတ်ပဲ Nanaba ရဲတိုက်က ပုံစံပိုကြမ်းကာ ခွန်အားကြီးမားတဲ့ပုံစံနဲ့ လှပစွာ တည်ရှိနေသည်.

"မင်း ထလို့ရပြီ Duke Luzo"

Lucius နဲ့ Duke Luzo တို့က ဘေးချင်းယှဉ်ရပ်နေကြသည်. ဆံပင်တုစွပ်ထားပြီး အဆီချထားတဲ့ Duke Luzo က သူ့ရဲ့ခန့်ညားတဲ့ဟန်ပန်ကို ပြန်ရရှိလာသည်. ဧကရာဇ်ဘေးမှာ ရပ်နေတာတောင်မှ သူက ချောမောနေသေးသည်. ဒီတိုင်းပြည်ရဲ့အခန့်ညားဆုံးအမျိုးသားနှစ်ယောက်ကို အတူယှဉ်တွဲကာ မြင်လိုက်ရတာကြောင့် အမျိုးသမီးတွေက ပျော်ရွှင်နေကြသည်.

ဧကရာဇ်က အလျင်အမြန်ပြောလိုက်သည်.

"လာလာ အထဲဝင်ကြစို့"

Lucius က သူ့အခန်းထဲရောက်တာနဲ့ သူ့အဝတ်အစားတွေကို ချွတ်လိုက်ကာ ရေချိုးဖို့အတွက် ပြင်ဆင်ခိုင်းလိုက်သည်. သူက အစေခံတွေကိုတောင် မစောင့်နိုင်တော့ပဲ အလျင်အမြန်ရေချိုးလိုက်ကာ သူ့ရဲ့ ချစ်စရာတူလေး ရှိနေတဲ့ အဆောင်ကို သွားလိုက်သည်.

ဧကရာဇ်က သူ့ရဲ့ရွှေရောင်ဆံပင်တွေ စိုရွှဲလျက် Duke Luzo ရဲ့အခန်းထဲကို ဝင်သွားတာကြောင့် အကူတွေက မျက်နှာတွေ ရဲသွားကြသည်. Duke Luzo တောင်မှ မပြောမဆိုနဲ့ရောက်လာတဲ့ သူ့အစ်ကိုဝမ်းကွဲကြောင့် အံ့ဩသွားခဲ့သည်. သူ့ညီဝမ်းကွဲကိုတွေ့လိုက်တော့ Lucius က မေးလိုက်သည်.

"ငါ့တူလေးဘယ်မလဲ? ငါ့ရဲ့ချစ်စရာတူလေးကို အခုချက်ချင်းတွေ့ချင်တယ်"

Duke Luzo နဲ့ သူ့ဇနီးတို့က ကလေးမွေးထားတာ တစ်နှစ်လောက်ရှိပြီဖြစ်သည်. ပြီးခဲ့တဲ့နှစ်အတွင်းမှာ Lucius က သူ့ရဲ့ပထမဆုံးနဲ့ တစ်ဦးတည်းသော တူလေးကို သေလောက်အောင်တွေ့ချင် နေခဲ့ပေမဲ့ မတွေ့ခဲ့ရပေ. အဲ့အချိန်တုန်းက သူ့မြို့တော်ကနေခွာလို့မရခဲ့သလို သူ့တူလေးကလဲ သူ့ဆီကို လာလည်ဖို့အတွက် ငယ်လွန်းနေသည်. Duke Luzo ပို့ပေးလာတဲ့ သူ့တူလေးရဲ့ ပုံတူကိုသာ ကြည့်ခွင့်ရခဲ့ပြီးတော့ ဧကရာဇ်က ပုံတူကို ကြည့်ရရုံနဲ့ မကျေနပ်ခဲ့ချေ.

Emperor and the Knightness (Unicode) Book - 1Where stories live. Discover now