အဲ့အချိန်ကစပြီးတော့ Poliana က Donau ကို သိပ်မတွေ့ရတော့ဘူး သူမက သူ့ကိုရှာဖို့ ကြိုးစားပေမဲ့လဲ မရခဲ့ဘူး. Donau ကအရမ်း ဉာဏ်များတယ် သူ့အနားကို သူမကပ်လာတိုင်း သူက ထွက်ပြေးသွားတယ်
ပထမတော့ Poliana က သူကဉာဏ်ကောင်းပြီးတော့ ကံကောင်းလို့ သူမကို ရှောင်နေနိုင်တာလို့ ထင်လိုက်တာ. ဒါပေမဲ့ သိပ်မကြာခင်မှာပဲ သူမက သူ့ထောင်ချောက်ထဲရောက်သွားကြောင်း သတိပြုမိလိုက်တယ်
Donau က Poliana လောက် စစ်သက်အတွေ့အကြုံမရှိပေမဲ့ သူက သူမထက်စာရင် Acreian စစ်တပ်အကြောင်းကို ပိုသိတယ်. Donau လူတိုင်းရဲ့ အချိန်ဇယားတွေ သွားနေကြလမ်းတွေကို သိတာကြောင့် သူက အဲ့တာကို အသုံးချပြီးတော့ သူမဆီကနေ ထွက်ပြေးဖို့ ကြိုးစားနေတယ်
သူရှောင်လို့မရတဲ့တစ်ချိန်ကတော့ သူဟင်းချက်နေတဲ့အချိန်ဖြစ်တယ်. သူက မီးဖိုချောင်မှာ ဟင်းချက်ဖို့ တာဝန်ရှိသေးတာကြောင့် နေ့လည်စာနဲ့ ညစာမတိုင်ခင် တစ်နာရီအလိုမှာ သူက မီးဖိုချောင်ထဲမှာ ရှိနေမှ ရမယ်
Poliana က ဒီအချက်အသုံးချလိုက်တယ်
ဟင်းချက်နေတဲ့အချိန်မှာတော့ Donau က သူမနဲ့ ရန်ဖြစ်လို့မရဘူး. တကယ်လို့ သူတို့ တံတွေးထွေးမိရင် ဒါမှမဟုတ် ဟင်းထဲ တစ်ခုခုပါသွားရင် သူဒုက္ခရောက်သွားမှာ ဖြစ်သည်
ဒါကြောင့် Poliana က အဲ့အချိန်တွေမှာ သူ့ကို ရန်စဖို့ ကြိုးစားတော့တယ်သူအလုပ်လုပ်နေတဲ့အချိန်အတွင်းမှာ သူမက အဲ့ဘက်ကို ကင်းလှည့်တယ်. သူမ ရှိတာကို သူကမကြိုက်တဲ့အတွက် သူမက တမင်လုပ်နေခြင်းဖြစ်သည် သူမက သူဟင်းချက်နေတုန်းမှာ ဟင်းတွေယူမြည်းတယ်. သူလှီးထားတဲ့ အသီးအရွက်တွေ ကောက်စားတယ်
တခြားသူတွေကတော့ သူမဗိုက်ဆာနေလို့ပဲ လို့ထင်ကြပြီး Donau က တော့ သူမတမင်လုပ်နေမှန်း သိပေမဲ့ ပြန်ပြောလို့မရဘူးဖြစ်နေသည်
Poliana က သူဟင်းချက်တာကို ဝေဖန်တိုင်း Donau က အရမ်းဒေါသထွက်လာတတ်သည်
"ကောင်လေး. မင်းဟင်းချိုက ငန်နေပြီ"
"ခင်ဗျား ဝေးဝေးသွားစမ်းပါ"
YOU ARE READING
Emperor and the Knightness (Unicode) Book - 1
RomanceRead Complete Novel in English at https://wuxiaworld.site/novel/the-emperor-and-the-knightess/ and ongoing Manga at https://zinmanga.com/manga/emperor-and-the-female-knight-the-king-and-his-knight/