အခန်း ၉၀

374 55 14
                                    

Lucius က ပတ်ဝန်းကျင်ကို စစ်ကြည့်ကာ ဘာဖြစ်ခဲ့တာလဲဆိုတာကို အဖြေရှာဖို့ ကြိုးစားလိုက်သည်. ရုတ်တရက် နံရံနားက တံခါးတစ်ချပ်က အနည်းငယ်ဟနေတာကို တွေ့လိုက်ရသည် အဲ့တာက အခန်းနံရံလို့ထင်ရပေမဲ့ ကြည့်ရတာ ရေချိုးကန်တွေကို ဆက်သွယ်ပေးထားတဲ့ လျှို့ဝှက်တံခါး ဖြစ်ဟန်တူသည် Poliana က အဲ့တံခါးကနေတဆင့် ရောက်လာတာဖြစ်ရမည်

'ဒီရဲတိုက်ထဲမှာ လျှို့ဝှက်တံခါးတွေရှိလိမ့်မယ်လို့ မထင်ထားဘူး'


လုပ်ကြံသူမဟုတ်တာကောင်းပေမဲ့ Poliana က ဘာလို့ ကြမ်းပြင်ပေါ်မှာလဲနေတာလဲဆိုတာကိုတော့ အဖြေမရှာနိုင်သေးပေ.

'ကြမ်းပြင်က ချော်နေလို့ လဲကျသွားတာလား?'

Lucius က Poliana ရဲ့ခေါင်းကို သေချာစစ်လိုက်တော့ သူမဆီမှာ ဘာဒဏ်ရာမှမရှိဘူးဆိုတာ သိလိုက်ရသည်. သူက သူမရဲ့သွေးခုန်နှုန်း, နှလုံးခုန်နှုန်းနဲ့ အသက်ရှူတာတွေကိုပါ စစ်ဆေးလိုက်သည်.

သူမသွေးခုန်နှုန်းနဲ့ နှလုံးခုန်နှုန်းက အားကောင်းသည်. သူမ အသက်ရှူတာကလဲ အဆင်ပြေသည်. ဒါပေမဲ့ သူမဆီကနေ အရက်နံ့အနည်းငယ်ရနေသည်. ပထမတော့ ဒီအရက်နံ့က သူ့ဆီကလို့ ထင်လိုက်ပေမဲ့ အနံ့က သိပ်မတူတာကို သတိပြုမိလိုက်သည်. အဲ့တာက မတူညီတဲ့ အရက်တွေဖြစ်သည်.


ခဏလောက် တုန့်ဆိုင်းသွားပြီးတော့ သူက သူမခန္ဓာကိုယ်ကို လှုပ်ရမ်းလိုက်သည်. သူမ မရှင်းပြပဲ ဘာတွေဖြစ်ခဲ့လဲဆိုတာ သူ မသိနိုင်ပေ.


"Pol! Sir Pol! ဘာဖြစ်လို့လဲ? မင်းနေမကောင်းလို့လား?"

"Umm.....Err.."


Poliana ရဲ့ မျက်လုံးတွေပွင့်လာဖို့ သူအချိန်တော်တော်ယူလိုက်ရသည်. သူမက ပတ်ဝန်းကျင်ကိုကြည့်ကာ ဘာတွေဖြစ်ခဲ့လဲဆိုတာ အဖြေရှာနေသည်.

ရုတ်တရက် သူမက ဧကရာဇ်ကို တွန်းလိုက်ပြီး ထောင့်တစ်ခုနားကို သွားလိုက်သည်. ပြီးတော့ အဲ့မှာ သူမ စတင်အန်တော့သည်.


Lucius က အစေခံတွေကို ခေါ်ဖို့ စဉ်းစားလိုက်ပေမဲ့ သူရပ်တန့်လိုက်သည်. Poliana က ဘာအဝတ်မှ မဝတ်ထားဘူး.. သူမဆီမှာ ဝတ်ရုံချုံထားပေမဲ့ ရေနွေးငွေ့တွေကြောင့် သူမခန္ဓာကိုယ်ပုံစံက မြင်နေရသေးသည်.

Emperor and the Knightness (Unicode) Book - 1Where stories live. Discover now