အခန်း ၁၉၄

227 38 0
                                    

"Lady Stra!"

"Marquess Winter!"

လူတိုင်းက အော်ဟစ်လာကြပေမဲ့ စိတ်ပူပင်မှုတွေအပြည့်နဲ့ အော်ဟစ်လာတာကတော့ ဧကရာဇ်ဖြစ်သည်.

"Poliana!"

Lady Stra က သူမကိုယ်ပေါ်မှာ ရှိနေတဲ့ Poliana ရဲ့ ကိုယ်ကို ထိကြည့်လိုက်သည်. Stra ရဲ့ ကိုယ်ပေါ်မှာ ရှိနေတဲ့ Poliana က လှုပ်ရှားမှုမရှိလာပေ. Poliana က ပိန်သွယ်ပေမဲ့ Lady Stra အတွက်တော့ ကျောက်တုံးကြီး ဖိထားသလိုဖြစ်နေသည်. သူမ အသက်ရှူကျပ်လာတာကြောင့် Stra က အော်တောင် မအော်နိုင်တော့ပေ.

ရုတ်တရက်, Poliana က နိုးလာပြီး Stra က စိတ်သက်သာရာရကာ ငိုကြွေးလာသည်. Poliana က သူမကို မေးလိုက်သည်.

"မင်းအဆင်ပြေရဲ့လား Lady Stra?"

"ကျွန်မ အဆင်ပြေပါတယ်. ကျွန်မ ရှင့်ကို စိတ်ပူနေတာ Marquess! ရှင်အဆင်ပြေရဲ့လား? ဘုရားသခင်!"

Poliana က Stra ရဲ့ပါးကို အသာပုတ်လိုက်ကာ မတ်တပ်ရပ်လိုက်သည်. သူမက အလျင်အမြန် မတ်တပ်ရပ်လိုက်တာဖြစ်ပေမဲ့ သူမခန္ဓာကိုယ်နဲ့ပတ်သက်ပြီး တစ်ခုခုမှားနေပြီဆိုတာကို ချက်ချင်း သိလိုက်သည်. သူမ မတ်တပ်မရပ်နိုင်တာကို အခြေခံပြီးတော့ ဘာပြဿနာဖြစ်နေလဲဆိုတာကို Poliana သိသွားသည်. သူမလှုပ်ရှားတဲ့ပုံကို မြင်လိုက်တဲ့ တခြားအစောင့်တွေကလဲ သူမရဲ့အခြေအနေကို သိသွားခဲ့သည်.

အမျိုးသမီးတွေနဲ့ ဧကရာဇ်က အော်ပြောလိုက်သည်.

"သမားတော်ခေါ်လိုက်စမ်း!"

"Marquess Winter ဒဏ်ရာရသွားပြီ! သမားတော်ချက်ချင်းခေါ်စမ်း!"

Poliana က ရေရွတ်လိုက်သည်.

"လူတွေက ဘာလို့ဒီလောက်ပုံကြီးချဲ့နေတာလဲ..."

အစေခံတွေက ဒရယ်အသေကောင်ကို ချက်ချင်းဖယ်လိုက်ကာ လူတွေက သူမနားမှာ စုပြုံလာခဲ့သည်. Lady Stra ကို မတ်တပ်ရပ်ဖို့ ကူညီလိုက်ကြပြီး အကူတွေက သူတို့လက်ကမ်းကာ Poliana ကို မတ်တပ်ရပ်ဖို့ ကူညီပေးလိုက်ပေမဲ့ Poliana က ငြင်းဆန်ခဲ့သည်. သူမက မြေကြီးပေါ်မှာဆက်ထိုင်နေကာ သူမရဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းကို စစ်ကြည့်လိုက်သည်.

"အ.. အ"

သူမ စကားပြောလို့ရပြီး အသက်ရှူရတာလဲအဆင်ပြေတာကြောင့် သူမရဲ့ အဆုတ်က အဆင်ပြေသည်. သူမက ဖြေးဖြေးချင်းမတ်တပ်ရပ်လိုက်ကာ နာကျင်နေပေမဲ့ မတ်တပ်ရပ်နိုင်သေးတာကြောင့် သူမခြေထောက်တွေကလဲ အဆင်ပြေသည်.

Emperor and the Knightness (Unicode) Book - 1Where stories live. Discover now