အခန်း ၁၇၂

213 31 2
                                    

တစ်ခုခုတော့ လွဲနေသလို ခံစားနေရပေမဲ့ Poliana ဆီမှာတော့ ခိုင်လုံတဲ့သက်သေ အထောက်အထား မရှိပေ. သူမဆီမှာရှိတာက အကူတွေရဲ့ ညည်းညူပြောဆိုတဲ့ စကားတွေသာဖြစ်သည်. Poliana က အကူတွေစကားပြောတာကို ဆက်နားထောင်နေပြီးတော့ ဒီအခြေအနေနဲ့ ပတ်သက်တဲ့ သတင်းတွေ အားလုံးကို ရနိုင်သလောက်စုစည်းနေသည်.

"ပြီးတော့ Duchess Nani ကလဲ သူမရဲ့ကိုယ်ပိုင်အကူတွေအများကြီးခေါ်လာမှာဆိုတော့ ကျွန်မတို့အားလုံးနီးပါး Nanaba ကို သွားလို့ရတယ်လေ"

"အိမ်ကို ထပ်ပြီး သွားလည်ရတော့မှာဆိုတော့ ကျွန်မတို့ အရမ်းစိတ်လှုပ်ရှားနေတာ!"

ကြည့်ရတာတော့ Lady Tory ရဲ့ အကူတွေအားလုံးက Nanaba ကို သွားကြမဲ့ပုံပေါ်သည်. Acreia က အကူတွေထဲမှာ ဒီခရီးကို မလိုက်တာက Lady Cekel တစ်ယောက်တည်းဖြစ်သည်. တခြားအကူတွေက Cekel ဘက်လှည့်ကာ မေးလိုက်သည်.

"Lady Ingreter, ရှင်ဘာလို့မလိုက်တာလဲ? ရှင့်မိသားစုဝင်တွေလဲသွားမယ်လို့ ကျွန်မကြားတယ်. ရှင်တစ်ယောက်တည်း အိမ်မှာဖြစ်နေမှာပေါ့. ရှင် ညခင်းတွေကျရင် မကြောက်ဘူးလား?"

"ကြောက်တာပေါ့ ဒါကြောင့် ကျွန်မက ရဲတိုက်မှာပဲနေမှာလေ. ကျွန်မ အိမ်မပြန်ဘူး"

"အို, ဒါပေမဲ့ ကျွန်မတို့ကလဲ ရဲတိုက်မှာ ရှိမှာမှ မဟုတ်တာဆိုတော့ ဘာပဲဖြစ်ဖြစ် ရှင်တစ်ယောက်တည်း ဖြစ်နေမှာပဲ. ဒီမှာဆိုရင်ရော မကြောက်ဘူးလား?"

"Lady Rebecca က သူမအဆောင်နေဖို့ ခွင့်ပေးထားတယ်. ကျွန်မ သူမကို အရမ်းကျေးဇူးတင်တာပဲ"

"ဒါပေမဲ့.. ကျွန်မတို့နဲ့လိုက်ခဲ့ပြီးတော့ ဆွေမျိုးတွေဆီ အလည်သွားတာ ပိုမကောင်းဘူးလား?"

"အင်း... အဲ့တာက ကျွန်မ အမျိုးတွေဆီ သွားလည်ဖို့က နည်းနည်းခက်လိမ့်မယ်..."

Cekel က သူမခေါင်းကို ရမ်းလိုက်သည်. သူမက ဒီမှာရှိနေတဲ့ အကူတွေအားလုံးထက် အသက် ၈ နှစ်လောက်ပိုကြီးနေတာကြောင့် တခြားမိန်းကလေးတွေက နားလည်သဘောပေါက်စွာနဲ့ ခေါင်းငြိမ့်လိုက်ပြီး ဘာမှ ထပ်မမေးတော့ပေ. Poliana ကလဲ အခြေအနေကို နားလည်လိုက်သည်. Cekel က အပျိုကြီးဖြစ်နေတာကြောင့် သူမဆွေမျိုးတွေက သူမကိုတွေ့ရင် ခင်ပွန်းရှာဖို့အတွက် ဆူပူပြောဆိုလာမှာဖြစ်သည်.

Emperor and the Knightness (Unicode) Book - 1Where stories live. Discover now