Donau က ဒေါသတကြီး ပြန်ပြောလိုက်သည်.
"မဖြစ်နိုင်တာ!"
သူကစိတ်ရှုပ်လာပြီး သူ့လက်ကို ကိုင်ထားတဲ့ အမွှာတွေရဲ့ လက်ကနေရုန်းလိုက်ပေမဲ့ သူတို့က အရမ်းသန်မာနေသည်. သူက သူတို့ကို မနိုင်ပေ.
အမျိုးသမီးတွေက ထပ်မေးလာသည်.
"ဘာလို့မဖြစ်နိုင်ရမှာလဲ?"
"ရှင်က သူမကို သဘောကျခွင့်မရှိလို့လား?"
Donau က ပြန်ဖြေလိုက်သည်.
"ငါက Sir Pol ကို အဲ့လိုသဘောကျစရာကြောင်းမှ မရှိတာ မဖြစ်နိုင်တာ. အဲ့တာက မဖြစ်နိုင်ဘူး..ဘာလို့လဲဆိုတော့..."
"ဒါပေမဲ့ ရှင် သူမနဲ့အကြာကြီးနေဖူးတယ်မလား?"
"ပြီးတော့ ရှင်တို့က တစ်ယောက်အကြောင်းလဲ တစ်ယောက်သိတယ်လေ"
"သူမနဲ့ပတ်သက်ပြီး အလေးအနက်ခံစားမိတာက ဖြစ်နိုင်တာပဲလေ"
"ဒါက ထူးဆန်းတာမှမဟုတ်တာ"
"My ladies! အဲ့တာမဟုတ်သေးဘူး! ငါက သူမကို အစ်မတစ်ယောက်လို ငါ့ရဲ့အထက်လူကြီး တစ်ယောက်လိုပဲ သဘောကျတာပါ. အဲ့တာက လေးစားတာထက်မပိုဘူး"
သူက Poliana ကိုချစ်နေတာမဟုတ်တဲ့အကြောင်း ရှင်းပြဖို့ ကြိုးစားလိုက်သည်. သူမအပေါ် စိတ်ကူးယဉ်ဆန်တဲ့အချစ်မျိုး ခံစားချက်မျိုးရှိနေတာမဟုတ်မှန်း သက်သေပြဖို့လိုတာကြောင့် သူက သူနဲ့ Poliana တို့အကြောင်းကို စတင်ပြောပြလိုက်သည်.
သူတို့ကြားမှာ ဖြစ်ပျက်ခဲ့တဲ့အရာတွေ, သူမနဲ့အတူ အချိန်ဖြုန်းခဲ့တာတွေ, သူမအပေါ် သူ့ရဲ့ထင်မြင်ချက်တွေ, သူတို့အတူတူဖြစ်ပျက်သမျှအားလုံးကို သူတို့ကို ပြောပြလိုက်သည်.
သူတို့စတွေ့တုန်းကတော့ Donau က ခပ်ဆိုးဆိုးကောင်လေးတစ်ယောက်ဖြစ်ခဲ့ပြီး အခုတော့ သူက Poliana လိုပဲ စစ်သည်ကောင်းတစ်ယောက်ဖြစ်နေပြီ. သူတို့က သူငယ်ချင်းတွေဖြစ်ပြီး သူက သူမကို သူ့မိသားစုဝင်အဖြစ် ယူဆထားတာကြောင့် သူတို့ကြားမှာ စိတ်ကူးယဉ်ဆန်တဲ့ခံစားချက်မျိုး ဖြစ်လာနိုင်စရာမရှိပေ.
Vaxi နဲ့ Vanessa တို့က သူပြောတာကို သေချာနားထောင်နေပြီး Donau က သတ္တိကြောင်စွာနဲ့ ဆင်ခြေပေးဖို့ ကြိုးစားနေခြင်းသာဖြစ်ကြောင်း သူတို့က ချက်ချင်းသိလိုက်သည်.
YOU ARE READING
Emperor and the Knightness (Unicode) Book - 1
RomanceRead Complete Novel in English at https://wuxiaworld.site/novel/the-emperor-and-the-knightess/ and ongoing Manga at https://zinmanga.com/manga/emperor-and-the-female-knight-the-king-and-his-knight/